A d v e r t i s e m e n t With Us

ရေအားလျှပ်စစ်ထုတ်လုပ်ရန် ငွေကောက်ခံပြီး စီမံကိန်းရပ်ဆိုင်း

ရှမ်း​ပြည်နယ်အ​ရှေ့​ပိုင်း​ ကျိုင်း​တုံမြို့​နယ်ထဲမှာ ​ရေအား​လျှပ်စစ် ထုတ်လုပ်ဖို့​ ပြည်သူ​တွေဆီက ရန်ပုံ​ငွေ ကျပ်သိန်း​ပေါင်း​ရာနဲ့​ချီ ​ကောက်ခံခဲ့​ပေမယ့်​ အခု​တော့​ အသစ်​ရောက်လာတဲ့​ တိုင်း​မှူး​က စီမံကိန်း​ ရပ်ဆိုင်း​ဖို့​ ညွှန်ကြား​ထား​ပါတယ်။ ရှမ်း​ပြည်အ​ရှေ့​ပိုင်း​ ကျိုင်း​တုံမြို့​နဲ့​ ၁၂ မိုင်အကွာမှာရှိတဲ့​ ကျူဆုန် ​ရေတံခွန်က​နေ ​ရေအား​လျှပ်စစ် ထုတ်လုပ်ဖို့​ဆိုပြီး​ ပြီး​ခဲ့​တဲ့​ မတ်လ​လောက်က ​ဒေသခံ​တွေ၊​ စီး​ပွား​ရေး​သမား​နဲ့​ ကုမ္ပဏီပိုင်ရှင်​တွေဆီက အရင်တိုင်း​မှူး​ ဗိုလ်ချုပ် မင်း​အောင်လှိုင်က ​ငွေ​တွေ ​ကောက်ခံခဲ့​တာပါ။ ခု​တော့​ တိုင်း​မှူး​သစ် ဗိုလ်မှူး​ချုပ် သန်း​ထွန်း​ဦး​က စီမံကိန်း​ကို ရပ်ဆိုင်း​ထား​ဖို့​ ​မေလ ​နောက်ဆုံး​ပတ်​လောက်က ညွှန်ကြား​လိုက်ပါတယ်။ ဒီအ​ကြောင်း​ကို ကျိုင်း​တုံ ​ဒေသခံတဦး​က အခုလို​ပြောပြပါတယ်။ “ရွာသား​တွေမှာ ​ကောက်ယူကြတာ​ပေါ့​။ တချို့​ကုမ္ပဏီ​တွေဆို ၂၅ သိန်း​ကောက်တယ်။ တချို့​ကို​တော့​ ၁၀ သိန်း​ကောက်တယ်။ လူထု​တွေကို​တော့​ ၂ သိန်း​ကောက်တယ်။ လွန်ခဲ့​တဲ့​ ၂ နှစ်တုန်း​က ကလည်း​ တ​ခေါက်၊​ မနှစ်တုန်း​ကလည်း​ တ​ခေါက် ​ကောက်တယ်။ ဒါ​ပေမယ့်​ ဘာမှမလုပ်ဖြစ်ဘူး​ ဒီအတိုင်း​ပဲ။ ကျိုင်း​တုံမြို့​ခံ​တွေက​တော့​ မ​ကျေနပ်လည်း​ ဘာမှ မ​ပြောနိုင်ဘူး​။ ဖြစ်ချင်တာက​တော့​ လျှပ်စစ်မီး​ပဲ တအား​လိုချင်တာ​ပေါ့​။ ​ရေက​တော့​ ​ရေတွင်း​တွေဘာ​တွေ အား​လုံး​ ရှိ​နေကြတာ။” ရေအား​လျှပ်စစ်အစား​ ​ရေဖြန့်​ဝေ​ရေး​ စီမံကိန်း​ကို ​ပြောင်း​လဲ​ဆောင်ရွက်ဖို့​ အတွက် နမ့်​ခွန်မြစ်အထက်ပိုင်း​မှာ ဆည်တည်​ဆောက်ဖို့​အတွက် အဲဒီအနီး​တဝိုက်က အိမ်​ခြေ​ပေါင်း​ ၈၀ ​လောက်ရှိတဲ့​ ရွာငယ် ၃ ရွာကို ​ပြောင်း​ရွှေ့​ပေး​ရမယ်လို့​ ​ဒေသခံ အမျိုး​သမီး​တ​ယောက်က အခုလို ​ပြောပါတယ်။ “ရွာထဲမှာ ရှမ်း​၊​ အခါ၊​ လား​ဟူ​တွေရှိတယ်။ ရွာ​ပြောင်း​ရမယ်လို့​ပြောတယ်။ ​ရေ​လှောင်ကန်​ဆောက်မယ်လို့​ပြောတယ်။ ဒါ​ပေမယ့်​ ဘယ်ကို​ပြောင်း​ရမယ်ဆိုတာ​တော့​ မ​ပြောဘူး​။ ရွာသူကြီး​က လာ​ပြောတာပဲ။ အဲဒီမှာ မ​နေခိုင်း​တော့​ရင် ကျမတို့​ ဘာလုပ်စား​ရမယ်ဆိုတာ မသိ​တော့​ဘူး​။” ကျူဆုန် ​ရေအား​လျှပ်စစ်စီမံကိန်း​အတွက် အခု ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်​နေတဲ့​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်က သူကျိုင်း​တုံမှာ တြိဂံတိုင်း​မှူး​ တာဝန်ယူခဲ့​တုန်း​က စတင်ခဲ့​တာပါ။ ကုန်ကျ​ငွေ​ပေါင်း​ ကျပ်သိန်း​ ၅ ​ထောင် လျာထား​ပြီး​ ကျိုင်း​တုံ ဝစီပိတ် ဆရာ​တော် ဦး​ကောဝိဒက ကျပ်သိန်း​တ​ထောင် မတည်ခဲ့​ပါတယ်။ ဒေသခံ​တွေ ကုမ္ပဏီ​တွေဆီက ​ကောက်ခံ​ငွေ​တွေ၊​ ​နောင်မဘုန်း​ကြီး​ကျောင်း​ ဘုရား​ပွဲ​တော် ​လောင်း​ကစား​ဝိုင်း​က ​ကောက်ခံရ​ငွေ​တွေ စုစု​ပေါင်း​ ကျပ်သိန်း​ ၇၀၀ ​လောက် ​ကောက်ခံရရှိထား​တယ်လို့​ ကျိုင်း​တုံမြို့​နယ် အုပ်ချုပ်​ရေး​ရုံး​ဝန်ထမ်း​ အသိုင်း​အဝိုင်း​က ​ပြောပါတယ်။ အဲဒီ​ကောက်ခံရရှိ​ငွေ​တွေဟာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဆီမှာ သိမ်း​ထား​တယ်လို့​ ​ဒေသခံ​တွေက ယူဆ​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up