Homeမြန်မာသတင်း
သစ်မှောင်ခိုမှုဖြင့် တသက်တကျွန်းချခံရသည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ပြန်လည်ပို့ဆောင် (ရုပ်သံ)
သစ်မှောင်ခိုမှုဖြင့် တသက်တကျွန်းချခံရသည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ပြန်လည်ပို့ဆောင် (ရုပ်သံ)
DVB
·
July 30, 2015
ဇူလိုင် ၂၂ ရက်နေ့က သစ်မှောင်ခိုမှုနဲ့ အမိန့်ချလိုက်တဲ့တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို အမိန့်ချပြီး ၈ ရက်အကြာမှာ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇူလိုင် ၃၀ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းဦးစီးဌာနကနေ လွှတ်ပေးလိုက်ပါတယ်။
ဒီတရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ကန်ပိုင်တီ လမ်းကနေ ကချင်ပြည်နယ် လ၀က က ပို့ဆောင်လိုက်ပါတယ်။
ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်နဲ့ မြစ်ကြီးနား အကျဉ်းဦးစီးဌာနကနေ ၂၈၂ ဦး လွှတ်ပေးလိုက်တာပါ။ တပြည်နယ်လုံး အတိုင်းအတာအနေနဲ့ကတော့ အကျဉ်းသားဦးရေ စုစုပေါင်း ၄၁၀ ဦး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။