A d v e r t i s e m e n t With Us

မန္တလေးကျောင်းကားများ အခွန်ဆောင်ရမည်

မန္တ​လေး​မြို့​က တက္ကသိုလ်​ကျောင်း​သူ​ကျောင်း​သား​တွေ အား​ထား​ စီး​နင်း​နေကြတဲ့​ ထရပ်ကား​ငယ်​တွေကို ဒီလကုန်မတိုင်မီ အနက်​ရောင်နံပါတ်က​နေ အနီ​ရောင် နံပါတ်​ပြောင်း​ဖို့​ အခွန်​ဆောင်ကြဖို့​ ကား​သမား​တွေကို အ​ကြောင်း​ကြား​လိုက်ပါတယ်။ မန္တ​လေး​မြို့​ ​ဒေသခံတချို့​ဟာ သိန်း​တရာဝန်း​ကျင်​လောက် တန်တဲ့​ လိုက်ထရပ် နံပါတ်အနက်​ရောင်ကား​တွေကို အိမ်သုံး​အဖြစ် ဝယ်ယူသုံး​နေရာက ရတနာပုံတက္ကသိုလ်က ​ကျောင်း​သူ​ကျောင်း​သား​တွေကို ဖယ်ရီပို့​ကြို​နေကြတာပါ။ ဒီအ​ပေါ် ဥပ​ဒေအရ နံပါတ်အနက်ကား​တွေ ဖယ်ရီဆွဲခွင့်​ မရှိဘူး​။ နံပါတ် အနီ​ရောင်​ပြောင်း​မှ ​ပြေး​ဆွဲခွင့်​ပြုမယ်။ ​ပြေး​ဆွဲခကို တနှစ်ကို ကျပ်​ငွေ တသိန်း​ခွဲ ​ပေး​ဆောင်ရမယ်လို့​ ပို့​ဆောင်ဆက်သွယ်​ရေး​ စီမံကိန်း​ဦး​စီး​ဌာနက ကား​သမား​တွေကို အ​ကြောင်း​ကြား​ခဲ့​တာ ဖြစ်ပါတယ်။ ရုတ်တရက် ​ကောက်ကာငင်ကာ အ​ကြောင်း​ကြား​ချက်​ကြောင့်​ ဒီစီး​ပွား​ရေး​ လုပ်ငန်း​အ​ပေါ် မှီခိုခြင်း​မရှိတဲ့​ ကား​သမား​တွေအတွက် ကား​မ​ပြေး​ဆွဲရလို့​ အခက်သိပ်မရှိ​ပေမယ့်​ ​ကျောင်း​သား​တွေအတွက် သွား​ရေး​လာ​ရေး​ အဆင်မ​ပြေ ဖြစ်မှာ လို့​ မန္တ​လေး​မြို့​ခံ လူငယ်တဦး​က ​ပြောပါတယ်။ “အ​ကောင်အထည်​ဖော်တာက မကြာ​သေး​ဘူး​အစ်ကို ရက်ပိုင်း​ပဲ ရှိ​သေး​တယ်။ ၃၁ ရက်ဆိုပြီး​ စာထွက်ပြီး​တော့​ ၆ လပိုင်း​နောက်ဆုံး​ မလုပ်မ​နေရဆိုပြီး​ စာထပ်ထွက်တယ်။ အဓိကက မိန်း​က​လေး​တွေ​ပေါ့​။ လိုင်း​ကား​ဆိုတာကလည်း​ နိုင်ငံခြား​လို မဟုတ်ဘူး​။ ပြွတ်သိပ်အကုန်တင်ပြီး​မှ ​နောက်ဆုံး​မှာဆို ​ယောကျာ်း​လေး​တွေက တွဲလန်း​လိုက်ရတယ်။ တချို့​ဆို မိန်း​က​လေး​တွေ​တောင်မှ ​နောက်ဆုံး​မှာ တန်း​လန်း​ကြီး​တွယ်ပြီး​ လိုက်ရတယ်။ လိုင်း​တွေက လုံး​လုံး​ မ​ပြေး​တော့​ဘူး​ဆိုရင် မိန်း​က​လေး​တွေ ပိုပြီး​ဒုက္ခ​ရောက်မှာ​ပေါ့​။ ” ကျောင်း​သား​တွေက ဥပ​ဒေအရ ​ဆောင်ရွက်တာကို စွက်ဖက်​ပြောဆိုခြင်း​ မရှိ​ပေမယ့်​ အဆင်​ပြေ​နေတဲ့​ကိစ္စကို အစား​ထိုး​ ​ဆောင်ရွက်​ပေး​သင့်​တယ်လို့​ ​ဝေဖန် ​ပြောဆို​နေကြပါတယ်၊ နံပါတ်အနီနဲ့​ ကား​ပြေး​ဆွဲရရင် ကား​တွေက နှစ်စဉ်အခွန် တသိန်း​သုံး​သောင်း​ ​ဆောင်ရတာ​ကြောင့်​ ​ကျောင်း​သား​တွေထံက ကား​ခ ပိုမို​ကောက်ခံမှာ ဖြစ်ပါတယ်။ ကား​သမား​တွေကလည်း​ ဒီအခွန်ဟာ ​ဈေး​များ​လွန်း​တယ်။ ​နောက်တချက်က သူတို့​ရဲ့​ကား​နံပါတ်ပြား​ကို အနီ​ရောင်​ပြောင်း​မှာကို မလိုလား​တဲ့​ ကား​ပိုင်ရှင်​တွေ ရှိ​နေကြပါတယ်။ သက်ဆိုင်ရာက အနက်​ရောင် ပြန်လည်​ပြောင်း​လိုက ​ပြောင်း​နိုင်တယ်လို့​ ​ပြောဆို​ပေမယ့်​ ပြန်လည် ​ပြောင်း​တဲ့​အခါ ထင်သ​လောက်မလွယ်ကူဘဲ ကျပ်​ငွေ (၇) သိန်း​ခန့်​ ကုန်ကျမှာကို ကား​သမား​တွေဘက်က များ​တယ်လို့​ တွက်ချက်ကြပါတယ်။ လတ်တ​လောမှာ ရတနာပုံတက္ကသိုလ်မှာ အစီး​ ၃၀၀ ခန့်​ ​ကျောက်ဆည် နည်း​ပညာတက္ကသိုလ်မှာ ၇၀ ခန့်​၊​ မန္တ​လေး​နည်း​ပညာတက္ကသိုလ်မှာလည်း​ အစီး​ ၅၀ ခန့်​ ​ပြေး​ဆွဲ​နေကြတယ်လို့​ ဆိုပါတယ်။ နံပါတ်အနီ​ပြောင်း​ရေး​ကို လိုလား​သူ​ရော မလိုလား​သူ​တွေ ရှိ​နေတာ​ကြောင့်​ သက်ဆိုင်ရာက ​လျော့​ပေါ့​တဲ့​အ​နေနဲ့​ ​နောက်ထပ်ယာဉ်သက်တမ်း​တိုး​မှ အနီ​ရောင်​ပြောင်း​ဖို့​ ဆိုပြီး​ ​လျှော့​ပေး​ခဲ့​တယ်လို့​ ဆိုပါတယ်။ တကယ်လို့​ အနီ​ရောင်​ပြောင်း​ရမယ့်​အချိန်မှာ မ​ပြောင်း​ဘူး​ဆိုရင်​တော့​ ပထမတကြိမ်နဲ့​ ဒုတိယတကြိမ်မှာ ဒဏ်​ငွေသုံး​သောင်း​စီ ဒဏ်ရိုက်ခံရမှာဖြစ်ပြီး​ တတိယအကြိမ်ဆိုရင် သုံး​သောင်း​ဒဏ်​ငွေအပြင် တရား​ရုံး​တင် စွဲဆိုခံရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up