စွန့်ပစ် မျက်မှန်အလက်ပေါင်း ၁၄၀၀၀ ဖြင့် ဖန်တီးထားသည့် အနုပညာ (ရုပ်သံ)

မြောက်အမေရိကမှာ နှစ်စဉ်မျက်မှန်ပေါင်း ၄ မီလီယံကျော်ကို စွန့်ပစ်နေကြပါတယ်။ အဲဒီ စွန့်ပစ်မျက်မှန်တွေဟာ ဘယ်ကိုရောက်သွားပါသလဲ။ လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူ လိုက်တာမျိုးရှိနိုင်သလို မြေကြီးထဲမှာပဲ စွန့်ပစ်အမှိုက်အဖြစ်အဆုံး သတ်လိုက်ရတာမျိုးလည်းရှိ နိုင်ပါတယ်။ ကနေဒါအခြေစိုက် အနုပညာရှင် ၂ ဦးဖြစ်တဲ့ ကိတ်ဒ်လင်(အာရ်)(စီ) ဘရောင်းနဲ့ ၀ိန်းဂါးရက်ဒ်တို့က အမှိုက်ပုံထဲက စွန့်ပစ်မျက်မှန် ၁၄၀၀၀ ကို အသုံးပြုထားတဲ့ အင်စတော် လေးရှင်း အနုပညာတရပ်ကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ပွဲဦးထွက်ပြသခဲ့ကြပါတယ်။ တူရကီနိုင်ငံ၊ မြို့တော်အစ္စတန်ဘူလ်မှာရှိတဲ့ ပီရာပြတိုက်ရှေ့မျက်နှာစာမှာ ဆယ်နှစ် ပြည့် အခမ်းအနားကျင်းပဖို့ရည်ရွယ်ပြီး ဒီအင်စတော်လေးရှင်းအနုပညာကို ပြသလိုက်တာဖြစ် ပါတယ်။ ကနေဒါနိုင်ငံနဲ့ တူရကီနိုင်ငံမှာ နေထိုင်သူတွေကို သူတို့အသုံးမလိုတော့တဲ့ မျက်မှန်တွေ ကို လှူဒါန်းနိုင်ဖို့ အဲဒီအနုပညာရှင် ၂ ယောက်က ဖိတ်ခေါ်ခဲ့ကြတာပါ။ မျက်မှန်အသစ်ဝယ်ဖို့ မတတ်နိုင်သူတွေကို ပြန်လည်ထောက်ပံ့ပေးတဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ ကနေဒါခြင်္သေ့များအမည်ရတဲ့ အဖွဲ့ဆီက စွန့်ပစ်မျက်မှန် အလက်ပေါင်းများစွာ လက်ခံရရှိခဲ့တယ်လို့ treehugger သတင်းမှာ ဖော်ပြပါတယ်။ “Sea/See/Saw” လို့ အမည်ပေးထားတဲ့ အဲဒီအင်စတော်လေးရှင်းအနုပညာပြပွဲကို လာ မယ့် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလအထိ ပီရာပြတိုက်မှာ ပြသထားမှာဖြစ်ပါတယ်။ ဓာတ်ပုံ - © Caitlind r.c. Brown & Wayne Garrett   ရုပ်သံ - Caitlind r.c. Brown on Vimeo.

More News
Up