A d v e r t i s e m e n t With Us

ရန်ကုန်စည်ပင်ခွန် တိုးကောက်တော့မည်

စည်ပင်လုပ်ငန်း​တွေ လုပ်​ဆောင်ဖို့​ မြို့​တော်စည်ပင်မှာ ​ငွေ​ကြေး​ မလုံ​လောက်တဲ့​အတွက် ရန်ကုန်တိုင်း​ထဲမှာ စည်ပင်အခွန်​တွေ ​ငွေတိုး​ကောက်ဖို့​ရှိ တယ်လို့​ ရန်ကုန်တိုင်း​ အစိုး​ရအဖွဲ့​နဲ့​ သွား​ရောက် ​တွေ့​ဆုံ​ဆွေး​ခဲ့​တဲ့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဘုန်း​မြင့်​အောင်က ​ပြောပါတယ်။ အစိုး​ရသစ်လက်ထက်မှာ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​အ​နေနဲ့​ တိုင်း​ဒေသကြီး​အတွက် ကျတဲ့​ဘတ်ဂျက်​ငွေနဲ့​ပဲ သုံး​စွဲရမှာဖြစ်လို့​ မြို့​တော်စည်ပင်သာယာ​ရေး​ လုပ်ငန်း​တွေ လုပ်ဖို့​ ဘဏ္ဍာ​ငွေ မလုံ​လောက်တဲ့​အ​ကြောင်း​ ရန်ကုန်မြို့​တော်ဝန်က ​ပြောတယ်လို့​ ဆိုပါတယ်။ မြို့​တော်ဝန်အ​နေနဲ့​ ရန်ကုန်မှာ ​ရေ​မြောင်း​တွေမ​ကောင်း​လို့​ ​ရေလျှံတာ၊​ လူသွား​စင်္ကြန်လမ်း​တွေ မ​ကောင်း​တာကိုလည်း​ သိရှိတဲ့​အ​ကြောင်း​၊​ ဘဏ္ဍာ​ငွေ အ​ခြေအ​နေအရ အချိန်ယူ ပြင်ဆင်ရမှာ ဖြစ်​ကြောင်း​နဲ့​ လိုအပ်တဲ့​ငွေ​ကြေး​အတွက် စည်ပင်ခွန် တိုး​ကောက်ရမယ့်​နည်း​လမ်း​ကို မြို့​တော်ဝန်အ​နေနဲ့​ မဖြစ်မ​နေ လုပ်ရ​တော့​မယ်လို့​ သိရ​ကြောင်း​လည်း​ ဦး​ဘုန်း​မြင့်​အောင်က ​ပြောပါတယ်။ စည်ပင်ခွန်​တွေ တိုး​ကောက်မယ်ဆိုတာ အပြင်မှာလည်း​ ကြား​နေရပါတယ်လို့​ အခုလို ​ပြောပြပါတယ်။ “စည်ပင်ခွန်​တွေ တိုး​ကောက်မယ်လို့​ အပြင်က ကြား​နေပါတယ်။ ဗဟိုအစိုး​ရစီကလည်း​ ပိုက်ဆံမရဘူး​။ ကိုယ့်​ထဲမှာရှိတဲ့​ အခွန်ထဲက​နေ ရပ်တည်ရမယ်ဆို​တော့​ အခွန်​ငွေရရှိ​ရေး​လမ်း​က​တော့​ သူဆက်ကို​လျှောက်ရမယ့်​လမ်း​ပါ။ ” အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ်​တွေဖြစ်တဲ့​ ဦး​ကျော်၊​ ​ဒေါ်စန်း​စန်း​မြင့်​နဲ့​ သင်္ကန်း​ကျွန်း​မြို့​နယ် ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​တို့​လည်း​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်တယ်လို့​ပြောပါတယ်။ ကိုယ်စား​လှယ်​တွေက သူတို့​လွှတ်​တော်ကိုယ်စား​လှယ်နယ်​မြေ​တွေအတွင်း​ ပြည်သူ​တွေတင်ပြတဲ့​ ​ရေကိစ္စ၊​ လျှပ်စစ်မီး​၊​ အကျင့်​ပျက်ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​တွေကိစ္စ စတဲ့​စတဲ့​ ကိစ္စရပ်​တွေ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​လို ပါတယ်လို့​ စာ​ရေး​သား​ပေး​ပို့​ ​တောင်း​ဆို ပြီး​နောက် ​တွေ့​ဆုံ​ဆွေး​နွေခွင့်​ရခဲ့​ကြတာပါ။ ဇွန်လ ၁ ရက်​နေ့​က ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြတာဖြစ်ပြီး​၊​ အလုပ်ဖြစ်တဲ့​ ​ဆွေး​နွေး​ပွဲ ဖြစ်တယ်လို့​ သိရပါတယ်။ သူတို့​တင်ပြ​ဆွေး​နွေး​တာ​တွေထဲက တချို့​ကို ချက်ချင်း​လက်ငင်း​ ​ဆောင်ရွက်​ပေး​တာမျိုး​တွေ ရှိတယ်လို့​ ​ဆွေး​နွေး​ပွဲမှာပါဝင်တဲ့​ သင်္ဃန်း​ကျွန်း​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။ အကျင့်​ပျက်ရပ်ကွက် အုပ်ချုပ်​ရေး​မှူး​တွေအ​ကြောင်း​ တင်ပြခဲ့​တာကိုလည်း​ ဦး​သိန်း​ညွန့်​က အခုလို ​ပြောပြပါတယ်။ “တချို့​ရပ်ကွက်မှာ အရက်ပုန်း​ဆိုင်ဖွင့်​ထား​တဲ့​လူကို ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ ဆက်​ပေး​ထား​တယ်ဗျာ။ တချို့​ရပ်ကွက်​တွေမှာက​တော့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​တွေက ရုံး​ခန်း​မှာကို အရက်​သောက်​နေကြတယ်။ ​နောက် လူထုကို ​စော်ကား​မော်ကား​စကား​တွေ ​ပြောတယ်။ ဧည့်​စာရင်း​ကိစ္စ​တွေ အ​ကြောင်း​ပြုပြီး​တော့​ လူထုကို ​ငွေညှစ်တယ်။ အိမ်ရှင်အိမ်ငှား​စာချုပ်​ပေါ်မှာ မူတည်ပြီး​တော့​ ကိုယ့်​တာဝန်အရ ​ဆောင်ရွက်တာ မဟုတ်​တော့​ဘဲနဲ့​ လာဘ်​ပေး​လာဘ်ယူ တရား​ဝင်မဟုတ်တဲ့​နည်း​နဲ့​ အတင်း​ဝင်လုပ်​နေတာ​ပေါ့​။ အဲဒါ​တွေကို ကျ​နော်တို့​ ပွင့်​ပွင့်​လင်း​လင်း​ တင်ပြပါတယ်။ သူတို့​ဘက်ကလည်း​ အ​ရေး​ယူ​ဆောင်ရွက်​ပေး​မယ်ဆိုတာ ကျ​နော်တို့​ကို ပွင့်​ပွင့်​လင်း​လင်း​ပြောပါတယ်။ ” ရန်ကုန်တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သူတို့​လွှတ်​တော်ကိုယ်စား​လှယ်​တွေ ဆက်လက် ထိ​တွေ့​ဆက်ဆံဖို့​ ဆက်ဆံ​ရေး​လမ်း​ကြောင်း​တခုထား​ရှိပြီး​ ဖြစ်တာမို့​ ​နောင်လည်း​ အခုလိုပဲ ​ဆွေး​နွေး​ဆောင်ရွက်သွား​မှာ ဖြစ်တယ်လို့​ ​ပြောဆိုခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up