A d v e r t i s e m e n t With Us

ထောင်ဒဏ် တသက်တကျွန်းချခံရသည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ပြန်လွှတ်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ပြန်လွတ်လာသူတွေထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ကချင်ပြည်နယ်ထဲ သစ်ခိုးထုတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချခံရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦးလည်း ပါတယ်လို့ အစိုးရအဆင့်မြင့်တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ အတည်ပြု ထုတ်ပြန်ပါတယ်။ နိုင်ငံခြားသား ၂၁၀ အပါအ၀င် မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေကနေ အကျဉ်းသား၊ ပေါင်း ၆၉၆၆ ဦးကို  သမ္မတက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဒီကနေ့ ဇူလိုင် ၃၀ ရက်မှာ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်လာတာပါ။ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လွှဲပြောင်းပေးဖို့  တရုတ် နိုင်ငံဘက်က တောင်းဆိုခဲ့ပြီးနောက် ခုလို လွှတ်ပေးလိုက်တာလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲသစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား   ၁၅၀ ကျော်ကို  အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက  ဇူလိုင် ၂၂ ရက်က ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အခုနှစ်ဆန်းပိုင်းက တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသအတွင်း  စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို သစ်ထုတ်တဲ့ ပစ္စည်းကိရိယာတွေ၊ မော်တော်ယာဉ်တွေနဲ့ ဖမ်းဆီးမိခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up