A d v e r t i s e m e n t With Us

အိန္ဒိယ သမုဒ္ဒရာတွင် တွေ့ရသည့်အပိုင်းအစ ပျောက်ဆုံး MH 370 လေယာဉ်ဖြစ်နိုင်

အိန္ဒိယ သမုဒ္ဒရာအတွင်းမှ တွေ့ရတဲ့ အပျက်အစီးအပိုင်းအစဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ် MH 370 ဖြစ်နိုင်တယ်လို့ ယုံကြည်တဲ့အကြောင်း အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ပြောဆိုပါတယ်။ လေယာဉ်တောင်ပံဟာ တောင်အာဖရိက မာဒါကတ်စကား ကျွန်းနိုင်ငံရဲ့ အရှေ့တောင်ဘက်မိုင် ၅၈၀ အကွာက ရီယူနီယံ ကျွန်းမှာ ကမ်းခြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ ဂေဟဗေဒ ပညာရှင်တွေကတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအပိုင်းအစကို ပြင်သစ် လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေလုပ်နေတဲ့ အေဂျင်စီကလည်း စစ်ဆေးမှုတွေ လုပ်နေပြီး ဒါဟာ MH 370 ကလား ဆိုတာကိုတော့ ဆုံးဖြတ်ဖို့ ငြင်းဆန်ထားတယ်လို့ အေပီသတင်းဌာနက ရေးပါတယ်။ မလးရှားလေကြောင်းလိုင်းကတော့ ဒီလေယာဉ်အပိုင်းအစရဲ့ မူရင်းကို ခန့်မှန်းတာဟာ မရင့်ကျက်တဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။ . တကယ်လို့ ဒါဟာ MH 370 လေယာဉ် အပိုင်းအစဟုတ်တယ်ဆိုရင် လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ ပျက်ကျသွားတယ်ဆိုတဲ့ မလေးရှား ၀န်ကြီးချုပ် နာဂျစ် ပြောတဲ့စကားက အမှန် ဖြစ်လာမှာ ဖြစ်ပါတယ်။ အရင်နှစ် မတ် ၈ ရက်က လူ ၂၃၉ ဦး တင်ဆောင်လာတဲ့ ဘီဂျင်းကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ MH370 လေယာဉ်ဟာ ဆက်သွယ်မရ ဖြစ်ခဲ့ပြီး ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် အိန္ဒိယ သမုဒ္ဒရာ သြစတြေးလျ အနောက်ဘက် ကမ်းလွန်မှာ လေယာဉ်နဲ့ ပတ်သက်ပြီး ရှာဖွေခဲ့ပေမယ့် သက်သေအထောက်အထား တစုံတရာ မတွေ့ ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံ - CCTV News  

A d v e r t i s e m e n t With Us

More News
Up