A d v e r t i s e m e n t With Us

ဗီလာအသင်း အဒီဘာရော ကို အငှားစာချုပ်ဖြင့် ခေါ်မည်

ဓာတ်ပုံ - ရိုက်တာ
စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်ကိုင်တွယ်နေတဲ့ ဗီလာအသင်းဟာ စပါးအသင်းမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး အဒီဘာရောကို ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ သူဟာ အငှားစာချုပ်နဲ့ အရင်ဆုံးပြောင်းရွှေ့မှာဖြစ်ပြီး လာမယ့် ရာသီအကုန်မှာတော့ အပြီးသတ် စာချုပ်ဆက်လက် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ ဗီလာတိုက်စစ်အတွက် အဒီဘာယောနဲ့ ဂျော်ဒန်အေရီတို့ ပူးတွဲ တာဝန်ယူကြမှာပါ။ သူဟာ ဗီလာအသင်းရဲ့ ၈ ယောက်မြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် အဒီဘာယောဟာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေရဲ့ တိုက်စစ်မှူးဟောင်းလည်းဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်မှာ ကစားလာခဲ့သူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up