A d v e r t i s e m e n t With Us

မန္တလေးတိုင်း ဆည်တော်ကြီးဆည်မှ ရေလွှတ်

ဓာတ်ပုံ - ဆည်တော်ကြီးဖေ့စ်ဘွတ်ခ်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆည်တော်ကြီးဆည်ကနေ ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၄ နာရီခွဲမှာ ရေတံခါးဖွင့် ရေလွှတ်မယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ပြောပါတယ်။ "နှစ်တိုင်း လုပ်နေကျ ကိစ္စပါ။ ရေမှတ် ၄၁၅ ပေရောက်ရင် စလွှတ်ပါတယ်။ ခုက ၀င်ရေနဲ့ လက်ရှိရေကို တွက်ချက်ပြီး မနက် ၄ နာရီခွဲမှာ လွှတ်မယ်လို့ ပြောတာပါ" လို့ သူက ဒီဗွီဘီကို ပြောပါတယ်။ ည ၈ နာရီအချိန်မှာ ရေမှတ်က ၄၁၄ ပေရှိနေပြီး ဆည်မှာ ရေတံခါး ၇ ပေါက်ရှိတဲ့အထဲက ၃ ပေါက်ကိုပဲ တပေစီဖွင့်မှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ အသီးသီးကိုလည်း အသိပေးထားတယ်လို့ ဦးမြင့်သန်းက ပြောပါတယ်။ "ခုလို လုပ်တဲ့အတွက် ဆည်အောက်ရွာတွေ ရေလျှံစရာ မရှိပါဘူး။ အဲလို မလျှံအောင်လုပ်တာလည်း ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။ ဆည်ရေအတိုင်းအတာ ဘယ်လောက်လွှတ်မယ်ဆိုတာ အတိအကျ ပြောလို့မရဘဲ ရေအမြင့် ၄၁၅ ပေမှာပဲ ရှိနေအောင် လွှတ်ထားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up