Home
လူမှုရေး
သီတဂူ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ နိုင်ငံရေးပါတီများကို ဖိတ်ကြား
DVB
·
June 8, 2011
သီတဂူ ဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရ ဦး​ဆောင်ပြီး​ တည်​ဆောက်ဖွင့်​လှစ်မယ့်​ သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲအခမ်း​အနား​ကို အစိုး​ရအဖွဲ့​ဝင်​တွေ၊​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ လူမှု​ရေး​အသင်း​အဖွဲ့​ဝင်​တွေ အား​လုံး​ကို ဖိတ်ကြား​ထား​တယ်လို့​ သိရပါတယ်။ ဒီလ ၁၆ ရက်​နေ့​ က​နေ စတင်ပြီး​ ၅ ရက်ကြာ ကျင်း​ပပြုလုပ်မယ့်​ ဖွင့်​ပွဲအခမ်အနား​ကို သမ္မတ​တွေ၊​ ပြည်​ထောင်စု အစိုး​ရဝန်ကြီး​တွေနဲ့​ နိုင်ငံ​ရေး​ပါတီ​တွေထဲက အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါဝင် နိုင်ငံ​ရေး​ပါတီ​တွေ၊​ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​အသင်း​အဖွဲ့​တွေ အား​လုံး​ကို သီး​ခြား​ဆီဖိတ်ကြား​ပြီး​ ကျင်း​ပပြုလုပ်ဖို့​ စီစဉ်​နေတာလည်း​ ဖြစ်ပါတယ်။ ဒီလိုစီစဉ်​နေတာနဲ့​ပတ်သက်ပြီး​ ဆရာ​တော်အရှင်ဥာဏိဿရရဲ့​ ​ဂေါပက ဦးဟန်က အခန်း​အနား​ အစီအစဉ်​တွေကို အခုလို ​ပြောပြပါတယ်။ “အစီအစဉ်လုပ်ထား​တာ​တော့​ နိုင်ငံ​တော် သံဃာမဟာ နာယက ကြွမှာရှိတယ်။ အဲလို​တွေ​တော့​ ပြင်ဆင်ပြီး​တော့​ လုပ်ထား​တာရှိတယ်။ သူ့​ရက်နဲ့​သူ​တော့​ လုပ်ထား​တာ​တော့​ ဟုတ်တယ်။ ဒုတိယ​နေ့​မှာလည်း​ လူကြီး​တွေတင်မဟုတ်ဘူး​။ သံရုံး​တွေ အဖွဲ့​အစည်း​တွေ​ပေါ့​။ အဲဒါ​တွေအကုန်ဖိတ်ထား​တယ်။ တတိယ​နေ့​မှာလည်း​ အသင်း​အဖွဲ့​တွေ အစုံပါမယ်လို့​တော့​ ​ပြောတာပဲ။ နိုင်ငံ​ရေး​ကော လူမှု​ရေး​ကော၊​ ဘာသာ​ရေး​ကော၊​ အစုံ​ပေါ့​။ အဲဒါ​တွေအကုန်လုံး​ပါမယ်။ ဆရာ​တော်ကြီး​က သူလာမှသွား​ဆိုပြီး​ မိန့်​ထား​တာ၊​ ကျ​နော်တို့​က ကြိုတင်ပြင်ဆင်မှု​တွေ လုပ်ထား​တာ။ ဖိတ်စာကို လက်ခံရရှိထား​တဲ့​ မတူကွဲပြား​ ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​တင်​မောင်​အေး​ကလည်း “ထူး​ခြား​တာ​တော့​ လာဖိတ်တဲ့​လူ​တွေရဲ့​ ဖိတ်စာစာရင်း​ထဲမှာ အန်အယ်ဒီတို့​ ဘာတို့​ အကုန်လုံး​ ဖိတ်မှာပါ။ ဆရာ​တော်ကြီး​က အကုန်လုံး​ဖိတ်ခိုင်း​တာ။ အခုလက်ရှိက​တော့​ သီတဂူ ဆရာ​တော်ကြီး​ရဲ့​ မိန့်​ကြား​ချက်နဲ့​ လိုက်ဖိတ်ရတာ။ ဖိတ်စာကို​တော့​ ပါတီ​တွေကို​တော့​ ​ခေါင်း​ဆောင်​တွေကိုပဲ အဓိက ထား​ဖိတ်တယ်။” ဆရာ​တော်အရှင်ဥာဏီဿရဟာ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတကသိုလ် စစ်ကိုင်း​ကို ၁၉၉၆ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​တာဖြစ်ပြီး​ မန္တ​လေး​နဲ့​ ရန်ကုန်​တွေမှာ ​ကျောင်း​တွေကို ထပ်မံတိုး​ချဲဖွင့်​လှစ်ဖို့​ ပြင်ဆင်ထား​ရာက ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကို လာမယ့်​ ၁၆ ရက်​နေ့​မှာ စတင်ဖွင့်​လှစ်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024