A d v e r t i s e m e n t With Us

သီတဂူ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ နိုင်ငံရေးပါတီများကို ဖိတ်ကြား

သီတဂူ ဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရ ဦး​ဆောင်ပြီး​ တည်​ဆောက်ဖွင့်​လှစ်မယ့်​ သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲအခမ်း​အနား​ကို အစိုး​ရအဖွဲ့​ဝင်​တွေ၊​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ လူမှု​ရေး​အသင်း​အဖွဲ့​ဝင်​တွေ အား​လုံး​ကို ဖိတ်ကြား​ထား​တယ်လို့​ သိရပါတယ်။ ဒီလ ၁၆ ရက်​နေ့​ က​နေ စတင်ပြီး​ ၅ ရက်ကြာ ကျင်း​ပပြုလုပ်မယ့်​ ဖွင့်​ပွဲအခမ်အနား​ကို သမ္မတ​တွေ၊​ ပြည်​ထောင်စု အစိုး​ရဝန်ကြီး​တွေနဲ့​ နိုင်ငံ​ရေး​ပါတီ​တွေထဲက အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါဝင် နိုင်ငံ​ရေး​ပါတီ​တွေ၊​ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​အသင်း​အဖွဲ့​တွေ အား​လုံး​ကို သီး​ခြား​ဆီဖိတ်ကြား​ပြီး​ ကျင်း​ပပြုလုပ်ဖို့​ စီစဉ်​နေတာလည်း​ ဖြစ်ပါတယ်။ ဒီလိုစီစဉ်​နေတာနဲ့​ပတ်သက်ပြီး​ ဆရာ​တော်အရှင်ဥာဏိဿရရဲ့​ ​ဂေါပက ဦးဟန်က အခန်း​အနား​ အစီအစဉ်​တွေကို အခုလို ​ပြောပြပါတယ်။ “အစီအစဉ်လုပ်ထား​တာ​တော့​ နိုင်ငံ​တော် သံဃာမဟာ နာယက ကြွမှာရှိတယ်။ အဲလို​တွေ​တော့​ ပြင်ဆင်ပြီး​တော့​ လုပ်ထား​တာရှိတယ်။ သူ့​ရက်နဲ့​သူ​တော့​ လုပ်ထား​တာ​တော့​ ဟုတ်တယ်။ ဒုတိယ​နေ့​မှာလည်း​ လူကြီး​တွေတင်မဟုတ်ဘူး​။ သံရုံး​တွေ အဖွဲ့​အစည်း​တွေ​ပေါ့​။ အဲဒါ​တွေအကုန်ဖိတ်ထား​တယ်။ တတိယ​နေ့​မှာလည်း​ အသင်း​အဖွဲ့​တွေ အစုံပါမယ်လို့​တော့​ ​ပြောတာပဲ။ နိုင်ငံ​ရေး​ကော လူမှု​ရေး​ကော၊​ ဘာသာ​ရေး​ကော၊​ အစုံ​ပေါ့​။ အဲဒါ​တွေအကုန်လုံး​ပါမယ်။ ဆရာ​တော်ကြီး​က သူလာမှသွား​ဆိုပြီး​ မိန့်​ထား​တာ၊​ ကျ​နော်တို့​က ကြိုတင်ပြင်ဆင်မှု​တွေ လုပ်ထား​တာ။ ဖိတ်စာကို လက်ခံရရှိထား​တဲ့​ မတူကွဲပြား​ ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​တင်​မောင်​အေး​ကလည်း “ထူး​ခြား​တာ​တော့​ လာဖိတ်တဲ့​လူ​တွေရဲ့​ ဖိတ်စာစာရင်း​ထဲမှာ အန်အယ်ဒီတို့​ ဘာတို့​ အကုန်လုံး​ ဖိတ်မှာပါ။ ဆရာ​တော်ကြီး​က အကုန်လုံး​ဖိတ်ခိုင်း​တာ။ အခုလက်ရှိက​တော့​ သီတဂူ ဆရာ​တော်ကြီး​ရဲ့​ မိန့်​ကြား​ချက်နဲ့​ လိုက်ဖိတ်ရတာ။ ဖိတ်စာကို​တော့​ ပါတီ​တွေကို​တော့​ ​ခေါင်း​ဆောင်​တွေကိုပဲ အဓိက ထား​ဖိတ်တယ်။” ဆရာ​တော်အရှင်ဥာဏီဿရဟာ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတကသိုလ် စစ်ကိုင်း​ကို ၁၉၉၆ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​တာဖြစ်ပြီး​ မန္တ​လေး​နဲ့​ ရန်ကုန်​တွေမှာ ​ကျောင်း​တွေကို ထပ်မံတိုး​ချဲဖွင့်​လှစ်ဖို့​ ပြင်ဆင်ထား​ရာက ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကို လာမယ့်​ ၁၆ ရက်​နေ့​မှာ စတင်ဖွင့်​လှစ်မှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up