ဘလတ္တာ နိုဘယ်လ်ဆုထိုက်တန်ဟု ရုရှားသမ္မတ ပူတင်ပြော

ဓာတ်ပုံ - ရိုက်တာ
3.2K
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာဟာ နိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
၂၀၀၈ ခုနှစ် ရုရှားမှာ ကမာ့္ဘဖလား ကျင်းပခွင့်ချပေးတဲ့ကိစ္စ အပါအ၀င် ဖီဖာဟာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပေမယ့် ပူတင်ကတော့ ဘလတ္တာကို ထောက်ခံသူတဦး ဖြစ်ပါတယ်။
"မစ္စတာ ဘလတ္တာတို့လို နိုင်ငံတကာ အားကစား အဖွဲ့ကြီးတွေ၊ အိုလံပစ်ပြိုင်ပွဲအဖွဲ့က ခေါင်းဆောင်တွေက အထူးအသိအမှတ်ပြုဖို့ ထိုက်တန်ပါတယ်။ နိုဘယ်လ်ဆုနဲ့ ထိုက်တန်တဲ့ လူတွေဆိုရင်တော့ ဒီလူတွေပဲ ဖြစ်မှာပါ” လို့ ပူတင်က ပြောပါတယ်။
အကျင့်ပျက်ခြစားမှုမှာ ဘလတ္တာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို မယုံကြည်ဘူးလို့လည်း သူက ပြောပါတယ်။
ဖီဖာအမှုဆောင်အရာရှိ ၁၄ ဦးကို အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲခဲ့ပြီးတဲ့နောက် ဇွန် ၂ ရက်မှာ ဘလတ္တာက ဖီဖာအဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။
ဆွစ်ဇာလန်က တာဝန်ရှိသူတွေက ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပခွင့် ချပေးလိုက်တဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ဘလတ္တာကတော့ လိပ်ပြာကင်းရှင်းကြောင်း ပြောဆိုခဲ့သလို နောက်နှစ် ဖေဖော်ဝါရီ ဖီဖာ ကွန်ဂရက်မကျင်းပမီအထိ ဥက္ကဋ္ဌနေရာကို ယူထားဖို့ စီစဉ်ထားခဲ့ပါတယ်။