A d v e r t i s e m e n t With Us

ပန်ဒါ သုံးမြွှာပူးလေးများ၏ ၁ နှစ်ပြည့်မွေးနေ့ပွဲ (ရုပ်သံ)

ကမ္ဘာ့ရှားပါးပန်ဒါကြီးအမျိုးအစား သုံးမြွှာရဲ့ ပထမဆုံးကျင်းပတဲ့ ၁ နှစ်ပြည့်မွေးနေ့ပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်ရှိ ဂွမ်ကျိုးချမ်မလုံ ဆာဖာရီဥယျာဉ်မှာ ကျင်းပပါတယ်။ မိန်မိန်၊ ရှုရှု၊ ကုကုလို့ အမည်ပေးထားတဲ့ အဲဒီဝက်ဝံလေးတွေဟာ ၁၀၀ ဂရမ်အရွယ် မွေးကာစအရွယ်ကနေ ခုချိန်မှာတော့ ၃၀ ကီလိုဂရမ်ထိ ကြီးထွားလာပြီး ကိုယ်ခန္ဓာအရှည် ပျမ်းမျှ ၁ မီတာ စီရှိနေကြပြီဖြစ်ပါတယ်။   “အခုသူတို့က တနှစ်သားအရွယ်ရှိနေပါပြီ။ သိပ်ပူးပူးကပ်ကပ်မနေကြဘူး။ အရင်ကထက် စာရင် အရမ်းဆော့ကြတယ်။ အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ အရမ်းဆော့ကြတယ်” ဂွမ် ကျိုးချမ်မလုံဆာဖာရီဥယျာဉ်မှ အထွေထွေမန်နေဂျာ ဒေါင်ဂွီဆင်ကပြောပါတယ်။ ဒီအမြွှာဝက်ဝံကလေးတွေဟာ အပြုအမူတွေ ပြောင်းလဲလာတာနဲ့အမျှ သူတို့ရဲ့ရုပ်ပိုင်းဆိုင် ရာတွေလည်း ပြောင်းလာကြပါတယ်။ ငယ်သွားလဲပြီး ကြီးထွားလာကြတဲ့အချိန်မှာ စားသောက်မှု ပုံစံတွေမှာလည်း နို့သောက်နေရာကနေ မျှစ်နဲ့အသီးအရွက်တွေကို စတင်စားနိုင်လာကြတယ်လို့ ဆိုပါတယ်။ ဒေါင်ဂွီဆင်က “ခုချိန်က ပြေင်းလဲမှု စတင်လာတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ စားချင်စိတ်ကို မထိန်းချုပ်နိုင်ကြဘူး။ ဥပမာ-အရမ်းအများကြီးစားလို့ အစာမကြေဖြစ်တာမျိုးတွေ စတဲ့ပြဿနာတွေ အများကြီးကြုံရတယ်။ နောက်တချက်က သူတို့က ခုမှဖွံ့ဖြိုးကာစဆိုတော့ အရမ်းလည်း ဆော့တဲ့အတွက် မတော်တဆ ထိခိုက်မှာလည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။ ပန်ဒါတွေဟာ ခုချိန် ကမ္ဘာပေါ်မှာ အနည်းငယ်သာရှိတော့တဲ့ ရှားပါး အမျိုးအစားဖြစ်နေ တာပါ။ သုံးမြွှာပူး ပန်ဒါလေးစုံ ရှိခဲ့ဖူးတယ်လို့ မှတ်တမ်းတွေရှိခဲ့ပြီး ဂွမ်ကျိုးမှာ ခုရှိနေတဲ့ ပန်ဒါလေး သုံးကောင်ကတော့ အသက်ရှင်ကျန်နေဆဲ သုံးမြွှာပူးပန်ဒါလေးတွေဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up