A d v e r t i s e m e n t With Us

ပြည်ခိုင်ဖြိုးအသင်း ရေဖိုး သိန်းချီကောက်ယူ

ရန်ကုန်တိုင်း​ ဒဂုံမြို့​သစ် (​မြောက်ပိုင်း​) က ပြည်သူ​တွေဟာ ပြည်ခိုင်ဖြိုး​အဖွဲ့​ရဲ့​ ​ရေရရှိ​ရေး​စီမံချက်ကို ​ငွေ​ကြေး​သိန်း​ချီ ထည့်​ဝင်လိုက်ကြ​ပေမယ့်​ ​ရေမလာတာကြာလို့​ တင်ပြတဲ့​အခါ တာဝန်ခံ​ဖြေရှင်း​ပေး​ခြင်း​မရှိလို့​ အခက်​တွေ့​နေကြပါတယ်။ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​အသင်း​ဟာ ၂ဝဝဂ ခုနှစ်တုန်း​က ဒဂုံမြို့​သစ်​မြောက်ပိုင်း​က ရပ်ကွက်​တွေမှာ ​ရေရရှိ​ရေး​စီမံချက်ကို အ​ကောင်အထည်​ဖော်ခဲ့​တာပါ။ ဒီစီမံချက်အရ ​ရေအလိုရှိတဲ့​ အိမ်ဟာ ပိုက်လိုင်း​နဲ့​ အနီး​အ​ဝေး​ပေါ်မူတည်ပြီး​ ကျပ်​ငွေ ၁၃ဝဝဝဝ က​နေ ၁ဂဝဝဝဝ ​လောက်ထိ အိတ်စိုက်ထည့်​ဝင်ကြရပါတယ်။ ဒီ​ငွေ​တွေကို ​ရေသွယ်ယူ​ရေး​အဖွဲ့​က ငမိုး​ရိပ်​ချောင်း​က​နေ အိမ်​တွေကို ပိုက်လိုင်း​ သွယ်တန်း​ဖြန့်​ဝေတာ ဖြစ်ပါတယ်။ ဒီစီမံချက်အ​ကောင်အထည်​ဖော်စက ​ခြောက်လနီး​ပါး​ ​ရေရရှိ​ပေမယ့်​ ​နောက်ပိုင်း​မှာ မရ​တော့​တာ တနှစ်နီး​ပါး​လောက်ရှိပြီဖြစ်ပါတယ်။ ဒါကို ပိုက်သွယ်တန်း​တဲ့​အိမ်​တွေက တင်ပြတဲ့​အခါ မြို့​နယ်စည်ပင်သာယာနဲ့​ ကြံ့​ခိုင်​ရေး​ပါတီ အပြန်အလှန်လက် ညှိုးထိုး​ပြီး​ တာဝန်လွှဲ​နေကြတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ဒီအ​ကြောင်း​ကို ​ငွေ ၁ဂဝဝဝဝ ​ပေး​သွင်း​ခဲ့​ရတဲ့​ (၅၁) ရက်ကွက်သား​တဦး​က အခုလို ​ပြောပါတယ်။ “၇ လပိုင်း​၂ဝဝဂ ခုနှစ်က​နေ ​ရေသွယ်ယူ​ရေး​လုပ်ငန်း​တွေကို အ​ကောင်အထည်​ဖော်တယ်။ အဲ​တော့​ ၆ လ၊​ ရလ​လောက် ကြာလာတဲ့​အချိန်မှာ ​ရေက တချို့​နေရာ​တွေမှာ ရသလို၊​ တချို့​နေရာ​တွေမှာ ပိုက်ဆံ ၁ဂဝဝဝဝ သွင်း​ပြီး​တော့​ရေမရဘူး​။ ဘာလို့​မရလဲဆို​တော့​ သက်ဆိုင်ရာလူကြီး​တွေ ​ပြောတာ​တော့​ ကျ​နော်တို့​ကို ဘာမှအ​ဖြေမ​ပေး​ဘူး​။” (၅၁) ရပ်ကွက် အမျိုး​သမီး​ကလည်း​ အခုလို ​ပြောပါတယ်။ “ကျမတို့​စီမှာ ​ရေက​တော်​တော်ခက်ခဲ​နေတယ်။ အပြင်မှာဝယ်သုံး​ရင် တစည်ကို ၃ဝဝ၊​ တရက်ခြား​၊​ နှစ်ရက်ခြား​ဆို​တော့​ မိသား​စုက များ​တော့​ ဘယ်လိုမှမမီဘူး။ ​ရေဝယ်သုံး​နေရတယ်​ပြော​တော့​ စည်ပင်ကလူကြီး​က ခင်များ​တို့​က သူ​ဌေး​မို့​လို့​ ဝယ်သုံး​တာလို့​ ​ပြောတယ်။ အဲဒီက စာ​ရေး​မက မ​ကျေနပ်ရင် မြို့​တော်ဝန်ကို စာတင်လို့​ပြောတယ်။ ၅ဝ/၄၁/၄၉ ​ရေမလာတာ ကြာပြီ။ ကျန်တဲ့​ရပ်ကွက်​တွေလည်း​ ​ရေကမလာတချက် လာတချက်ပဲ။ ပိုက်ဆံလည်း​မရဘူး​။ ​ရေလည်း​မရဘူး​။” ပြည်ခိုင်ဖြိုး​အဖွဲ့​က ​ငွေယူပြီး​ ​ရေမရတဲ့​ကိစ္စကို ​ဖြေရှင်း​ဆောင်ရွက်​ပေး​ဖို့​ ဒဂုံမြို့​သစ်​မြောက်ပိုင်း​ ခရိုင်အုပ်ချုပ်​ရေး​မှူး​ထံကို အမှတ် (၅၁) ရပ်ကွက်သား​ ၂ဝ ​ကျော်က လိပ်မူတပ်ပြီး​ မ​နေ့​က ​ပေး​ပို့​တိုင်ကြား​ပါတယ်။ (၄၄) ရပ်ကွက်က အမျိုး​သမီး​ကြီး​တဦး​ကလည်း​ သူတို့​ရပ်ကွက်မှာ ​ရေသွယ်ခက ကျပ်​ငွေ ၁၃ဝဝဝဝ ​တောင်း​တယ်လို့​ ဆိုပါတယ်။ ဒါကိုမ​ကျေနပ်လို့​ မြို့​တော်ဝန် ဦး​အောင်သိန်း​လင်း​ကို သွား​တင်ပြတဲ့​အခါ ​လေး​ထောင်​လျှော့​ပေး​ဖို့​ ညွှန်ကြား​ခဲ့​ပါတယ်။ တကယ်ပြန်သွား​တောင်း​တဲ့​အခါ အလှူ​ငွေအဖြစ် ထည့်​ဝင်ခိုင်း​ပြီး​ ပြန်မရ​တော့​ဘူး​လို့​ ဆိုပါတယ်။ “ရဝတ ပြုတ်​တွေကို ​ရေ​ကော်မတီဆိုပြီး​ တာဝန်​ပေး​ပြီး​တော့​ ​ရေ​ကော်မတီ ဥက္ကဋ္ဌကို ​ရေဘာလို့​မလာလဲဆို​တော့​ ကျ​နော်​တောင် ​ရေဝယ်သုံး​နေတာ သုံး​လရှိပြီလို့​ ​ပြောတယ်။ အစက ပိုက်ဆံသွင်း​ရင် ​ရေရမယ်လို့​ပြော​တော့​ ရပ်ကွက်မှာ ၁ဝဝဝ ​ကျော်ရှိတယ်။ ၈၀၀ ​ကျော်က ​ရေသွယ်တယ်။ ရမယ်လို့​ပြောတဲ့​အတွက် ကျမက ​ပြောလိုက်တဲ့​အခါကျ​တော့​ အဲဒါက ကြံ့​ခိုင်​ရေး​က လုပ်ခိုင်း​လို့​ ကျ​နော်တို့​က တာဝန်အရလုပ်​ပေး​ရတာပါတဲ့​။ အဲ​တော့​ ကျမတို့​က ကြံ့​ခိုင်​ရေး​ကို ​ပြော​တော့​လည်း​ စည်ပင်ကို​ပြောပါတဲ့​။ ပိုက်ဆံ​ကောက်တာ စည်ပင်က ​ကောက်တာပါတဲ့​။ စည်ပင်က​ပြော​တော့​လည်း​ ကြံ့​ခိုင်​ရေး​က သူတို့​ကို ​ငွေအပြည့်​အစုံနဲ့​ လာပြီး​တော့​ တရား​ဝင်မအပ်​သေး​ဘူး​တဲ့​။ ဟိုပုတ်ချ ဒီပုတ်ချ ​ပြော​နေ​တော့​ အခု သမ္မတကြီး​ ဦး​သိန်း​စိန်အ​နေနဲ့​ ပြည်သူကို မျက်နှာပြုတယ်ဆိုရင် ကျမတို့​ကို အဲဒါ​လေး​ ​ဖြေရှင်း​ပေး​ပါလို့​။” စစ်အစိုး​ရလက်ထက်က နိုင်ငံပိုင်​ငွေ​ကြေး​တွေနဲ့​ ​ထောက်ပံ့​တည်​ထောင်ထား​တဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံဖြိုး​ရေး​အသင်း​ဟာ လူမှု​ရေး​အသင်း​အဖြစ် ရပ်တည်ရာက​နေ ၂ဝ၁ဝ ​ရွေး​ကောက်ပွဲမတိုင်မီမှာ အသင်း​က​နေ ပါတီအဖြစ် အသွင်​ပြောင်း​ပြီး​ အသင်း​ပိုင်ပစ္စည်း​အား​လုံး​ကို အ​မွေဆက်ခံတယ်လို့​ ​ကြေညာသိမ်း​ပိုက်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up