A d v e r t i s e m e n t With Us

နိုင်ငံရေးအကျဉ်းသားတဦး နိုင်ငံရေးမှုဖြင့် ထပ်မံတရားစွဲခံရ

အာဏာပိုင်​တွေက အင်း​စိန်​ထောင်မှာ ​ထောင်ဒဏ်ကျခံ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကိုသန်း​မြင့်​အောင်အ​ပေါ် ထပ်မံစွဲဆိုတဲ့​အမှုတခုကို ဒီက​နေ့​ ရန်ကုန်တိုင်း​ စမ်း​ချောင်း​မြို့​နယ် တရား​ရုံး​မှာ ရုံး​ထုတ်ပါတယ်။ ဒါ​ပေမယ့်​ သက်​သေ​တွေ မလာ​ရောက်လို့​ မစစ်ဖြစ်ဘဲ ကိုသန်း​မြင့်​အောင်လည်း​ ကျန်း​မာ​ရေး​ကောင်း​မွန်တယ်လို့​ ကိုယ်တိုင်တရား​ခွင်သွား​သူ တဦး​က ​ပြောပါတယ်။ သမ္မတ ဦး​သိန်း​စိန် အစိုး​ရသစ်လက်ထက်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ လှုပ်ရှား​တောင်း​ဆိုမှု​တွေ ကျယ်ပြန့်​လာ​နေချိန်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တဦး​ကို နိုင်ငံ​ရေး​အမှုနဲ့​ ထပ်မံတရား​စွဲဆိုမှု ဖြစ်ပါတယ်။ မြင်း​ခြံမြို့​မှာ​နေထိုင်တဲ့​ ကိုသန်း​မြင့်​အောင်ရဲ့​ မိခင်က​တော့​ တက်​ရောက်လာတာ မ​တွေ့​ရဘူး​လို့​ဆိုပါတယ်။ ကိုသန်း​မြင့်​အောင်အတွက် ​ရှေ့​နေ ​ဒေါ်စိုး​စိုး​မော်က လိုက်ပါ​ဆောင်ရွက်မှာဖြစ်ပါတယ်။ တပ်မ​တော်အစိုး​ရလက်ထက်တုန်း​က ကိုသန်း​မြင့်​အောင်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (မ​လေး​ရှား​ဌာနခွဲ) မှာ သွား​ရောက်အလုပ်လုပ် တယ်ဆိုတဲ့​စွပ်စွဲပြီး​ ၂ဝဝ၉ ခုနှစ် မတ်လ ၄ ရက်ကတည်း​က ဖမ်း​ဆီး​ခဲ့​တာပါ၊​ သူ့​ကို သင်္ကန်း​ကျွန်း​မြို့​နယ်တရား​±ုံး​က မတရား​သင်း​အက်ဥပ​ဒေပုဒ်မနဲ့​ ​ထောင်ဒဏ် (၂) နှစ်၊​ လူဝင်မှုကြီး​ကြပ်​ရေး​အက်ဥပ​ဒေပုဒ်မနဲ့​ အလုပ်ကြမ်း​နဲ့​ ​ထောင်ဒဏ် (၃) နှစ်၊​ အီလက်ထ​ရောနစ်အက်ဥပ​ဒေပုဒ်မနဲ့​ ​ထောင်ဒဏ် (၁ဝ) နှစ်ချမှတ်ထား​ပြီး​ အင်း​စိန်​ထောင်မှာ ချုပ်​နှောင်ထား​တာပါ။ အခုရင်ဆိုင်ရတဲ့​အမှုက​တော့​ နိုင်ငံ​ရေး​သမား​တွေကို စွဲဆို​လေ့​ရှိတဲ့​ အ​ရေး​ပေါ် စီမံမှုအက်ဥပ​ဒေပုဒ်မ ၅-ည နဲ့​ အစိုး​ရဘက်က စွဲဆိုထား​တာဖြစ်ပါတယ်။ ကိုသန်း​မြင့်​အောင်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (မ​လေး​ရှား​ဌာနခွဲ) မှာ ၂ဝဝ၂ ခုနှစ်က​နေ ၂ဝဝဂ ခုနှစ်ထိ တာဝန်ထမ်း​ဆောင်ခဲ့​ပါတယ်။ နာဂစ်မုန်တိုင်း​သင့်​ပြည်သူ​တွေကို သွား​ရောက်ကူညီတဲ့​ခရီး​မှာ ဖမ်း​ဆီး​ခံရတာလို့​ ဆိုပါတယ်။ ဖမ်း​ဆီး​ခံရစဉ်က စစ်​ကြော​ရေး​မှာ ±ိုက်နှက်​မေး​မြန်း​မှု​ကြောင့်​ ရွာသာကြီး​ စိတ်​ရောဂါကု​ဆေး​ရုံမှာ ကုသခဲ့​ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up