A d v e r t i s e m e n t With Us

နိုင်ငံတကာ ချန်ပီယံဖလား ချဲလ်ဆီး ၄-၂ ဘာစီလိုနာ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ချန်ပီယံဖလား ပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းနဲ့ စပိန်လာလီဂါက ဘာစီလိုနာတို့ ယှဉ်ပြိုင်ရာမှာ ချဲလ်ဆီးအသင်းက အနိုင်ရရှိသွားပါတယ်။ ပွဲချိန် မိနစ် ၉၀ မှာ တဖက် ၂ ဂိုးစီ သရေကျနေတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ ချဲလ်ဆီးအသင်းက ၄ ဂိုး ၂ ဂိုးနဲ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဟာဇက်က ခြေစွမ်းပြကစားသွားခဲ့ပြီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘာစီလိုနာက ဆွာရက်ဇ်နဲ့ ဆန်ဒရိုတို့က သွင်းယူပြီး ပြန်လည် ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက ကာဟေလ်းက ချေပဂိုး ပြန်သွင်းယူတဲ့ အတွက် ၂ ဂိုးစီသရေကျသွားတာ ဖြစ်ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရမှာတော့ ဘာစီလိုနာက ပီကေးနဲ့ ရက်ကီတစ်တို့ ၀င်အောင် မကန်နိုင်တဲ့အတွက် ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up