A d v e r t i s e m e n t With Us

ငွေကြေးအရှုပ်တော်ပုံကိစ္စဖြင့် မလေးရှား ဒု-၀န်ကြီးချုပ်ကို ရာထူးမှဖယ်ရှား

မလေးရှားဒု-၀န်ကြီးချုပ်။ (ဓာတ်ပုံ - ရိုက်တာ)
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) နိုင်ငံပိုင်ရင်နှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးကုမ္ပဏီရဲ့ ငွေကြေးအရှုပ်တော်ပုံမှာ ကိုယ်တိုင်ပါဝင်ပတ်သက်မှုကို အကြောင်းပြပြီး ဒု-၀န်ကြီးချုပ်ကို ဇူလိုင် ၂၈ ရက်နေ့က ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ရာထူးက ဖယ်ရှားခံရတဲ့ ဒု-၀န်ကြီးချုပ်ဟာ ကုမ္ပဏီငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် အလွဲသုံးစားမှုနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ် နာဂျစ်ရဲ့ ကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံပိုင်ကုမ္ဗဏီ ဘဏ်စာရင်းကနေ ၀န်ကြီးချုပ်ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲ လွှဲပြောင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ၀န်ကြီးချုပ်နာဂျစ်က ငြင်းဆိုထားပါတယ်။ အစိုးရ ထိပ်တန်းရာထူးတွေကနေ အစားထိုးခံ၊ ဖယ်ရှားခံရသူတွေထဲမှာ ဒီအရှုပ်တော်ပုံ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဥက္ကဋ္ဌလည်း ပါဝင်ပြီး ကျန်းမာရေးအကြောင်းပြချက်နဲ့ ဖယ်ရှားတယ်လို့ အစိုးရပိုင် သတင်းဌာနတခုက ထုတ်ပြန်ကြေညာပါတယ်။ ဒု-၀န်ကြီးချုပ် မူဟိုက်ဒင် (Muhyiddin) ကို ရာထူးက ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတခုမှာ ပုဂ္ဂလိကအမြင်ကို ထုတ်ဖော်ပြောဆိုဖို့ ၀န်ကြီးချုပ် နာဂျစ်က ငြင်းဆန်ပါတယ်။ အားကောင်းတဲ့အစိုးရအဖြစ်နဲ့ ရှေ့ဆက်သွားနိုင်ဖို့ အခုလို ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရတာလို့ နာဂျစ်က ပြောဆိုပါတယ်။ ဒု-၀န်ကြီးချုပ် မူဟိုက်ဒင်ရဲ့ နေရာမှာ အရင် ပြည်ထဲရေးဝန်ကြီးနဲ့ အစားထိုးခန့်အပ်လိုက်တာပါ။ ဒု-၀န်ကြီးချုပ်နဲ့အတူ အစိုးရ၀န်ကြီး ၄ ဦးကိုလည်း ၀န်ကြီးချုပ်နာဂျစ်က တာဝန်ကနေ ဖယ်ရှားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up