A d v e r t i s e m e n t With Us

အစိုးရသစ်၏အပြောင်းအလဲများကို စောင့်ကြည့်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုး​ရသစ်အ​ပြောင်း​အလဲများ​ကို သတိထား​စောင့်​ကြည့်​နေတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။ ဒီက​နေ့​မနက် ၁ဝ နာရီခွဲ​လောက်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က မြန်မာနိုင်ငံကို အလည်အပတ် ​ရောက်ရှိ​နေတဲ့​ ဂျာမန် လူ့​အခွင့်​အ​ရေး​မူဝါဒနှင့်​ လူသား​ချင်း​စာနာ​ထောက်ထား​မှုဆိုင်ရာ ​ကော်မရှင်နာံ၏န၏္နမ၏္န​မေုကျူသညငညါ နဲ့​ အဖွဲ့​ကို ​နေအိမ်မှာ လက်ခံ​တွေ့​ဆုံစဉ် အစိုး​ရသစ် အ​ပြောင်း​အလဲနဲ့​ ပတ်သက်ပြီး​ သုံး​သပ်​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။ ဒီအ​ကြောင်း​နဲ့​ပတ်သက်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က အခုလို ​ပြောပါတယ်။ “လက်ရှိအစိုး​ရက အ​ပြောင်း​အလဲဆိုတာက စစ်အစိုး​ရက​နေ အရပ်သား​အစိုး​ရ​တော့​ ဖြစ်တယ်​ပေါ့​။ ဒါ​တော့​ အ​ပြောင်း​အလဲတခု​ပေါ့​။ သို့​သော် တကယ်တန်း​ မူဝါဒဆိုင်ရာ ​ပြောင်း​လဲမှု​တွေကို​တော့​ ​လေ့​လာဖို့​လိုတယ်။ သိဖို့​လိုတယ်။ ဒီအ​ခြေအ​နေ​တွေကို ကျ​နော်တို့​ဘက်ကလည်း​ ​ဆွေး​နွေး​ပါတယ်။ သူကလည်း​ ​ဆွေး​နွေး​ပါတယ်။ အန်တီ​ပြောတဲ့​ထဲမှာ​တော့​ အ​ပြောင်း​အလဲဆိုတာ တကယ်ရှိမရှိက အကုန်​လေ့​လာဖို့​လိုတယ်။ အချက်အလက်​တွေ အကုန်​လေ့​လာဖို့​လိုတယ်။ ကျ​နော်တို့​ အ​တွေ့​အကြုံအရ အန်အယ်လ်ဒီရဲ့​ အ​တွေ့​အကြုံအရလည်း​ လွတ်လပ်တဲ့​တရား​စီရင်မှုနဲ့​ ပတ်သက်ပြီး​တော့​ သမ္မတကြီး​စီ စာ​ရေး​ခဲ့​ဘူး​တယ်။ အ​ကြောင်း​ပြန်မှု မရခဲ့​ပါဘူး​။ ဒီဟာ​တွေအား​လုံး​ကို ထည့်​သွင်း​စဉ်း​စား​ဖို့​ လိုအပ်တယ်လို့​ ကျ​နော်တို့​ အဲဒီလို​ဆွေး​နွေး​လိုက်တယ်။ သတိထား​စောင့်​ကြည့်​ရမှာ​ပေါ့​။” ဂျာမန် လူ့​အခွင့်​အ​ရေး​မူဝါဒနှင့်​ လူသား​ချင်း​စာနာ​ထောက်ထား​မှုဆိုင်ရာ ​ကော်မရှင်နာက​တော့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ နိုင်ငံ​ရေး​ရပ်တည်ချက်အ​ပေါ် ​ထောက်ခံ​ကြောင်း​နဲ့​ တရား​ဝင်ပါတီအဖြစ် ရပ်တည်မှုရှိမရှိ ကိစ္စ​တွေက​တော့​ စဉ်း​စား​ရမယ့်​အချက်ဖြစ်တဲ့​အ​ကြောင်း​လည်း​ ​ပြောကြား​ခဲ့​ပါတယ်။ ဒါ့​အပြင် မြန်မာနိုင်ငံမှာ အ​ရေး​ပေါ် သဘာဝ​ဘေး​ဒုက္ခအန္တရာယ်​တွေ ကျ​ရောက်လာခဲ့​မယ်ဆိုရင်လည်း​ အကူအညီ​ပေး​ဖို့​ အသင့်​ရှိ​နေတယ်လို့​ ​ပြောကြား​သွား​တယ်လို့​ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။ “ကျ​နော်တို့​ တိုင်း​ပြည်မှာ အ​ရေး​ပေါ်ကိစ္စ​တွေ ​ပေါ်တဲ့​အခါမျိုး​ သဘာဝ​ဘေး​အန္တရာယ် ​ပေါ်တဲ့​အခါမျိုး​၊​ ​နောက်တခြား​အ​ရေး​ကြီး​တဲ့​ အ​ပြောင်း​အလဲ​တွေ အကူအညီ​တွေဖြစ်ခဲ့​ရင် သံရုံး​ကတဆင့်​ ဆက်သွယ်ဖို့​ လမ်း​ဖွင့်​သွား​ပါတယ်။” ဂျာမန်လူ့​အခွင့်​အ​ရေး​မူဝါဒနှင့်​ လူသား​ချင်း​ စာနာ​ထောက်ထား​မှုဆိုင်ရာ ​ကော်မရှင်နာနဲ့​ အဖွဲ့​ဟာ သူ့​ခရီး​စဉ်အတွင်း​ ပြည်​ထောင်စုလွှတ်​တော်ရဲ့​ အလှည့်​ကျနာယက ဦး​ခင်​အောင်မြင့်​အပါအဝင် ပါတီ​ပေါင်း​စုံက လွှတ်​တော်​ကော်မတီဝင်​တွေနဲ့​ ဒီလ ၆ ​နေ့​တုန်း​ကလည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up