DVB Logo
Home
မြန်မာသတင်း
အိန္ဒိယမှ မြန်မာကို ဆံပင်ပို့ကုန် ၁၅ တန်ခန့် တင်ပို့ခဲ့
DVB
·
July 29, 2015
အိန္ဒိယမှ မြန်မာကို ဆံပင်ပို့ကုန် ၁၅ တန်ခန့် တင်ပို့ခဲ့
Donate to DVB

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ဆံပင်ပို့ကုန်တင်ပို့မှုဟာ သိသိသာသာ မြင့်တက်လာတယ်လို့ The Hindu သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက လူ့ဆံပင်တန်ချိန် ၁၅ တန်နီးပါး အိန္ဒိယနိုင်ငံ၊ တရူးချီလေဆိပ်ကနေ ရန်ကုန်ကို လေကြောင်းကတဆင့် တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယမှ တင်ပို့သူတွေဟာ ဘန်ဂလော၊ ချနိုင်းနဲ့ ဒေလီဒေသတွေက ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

“မနှစ်က မြန်မာနိုင်ငံဘက်ကို ဆံပင်တင်ပို့ခဲ့တဲ့တန်ချိန် ၁ ဒသမ ၄ နဲ့ယှဉ်ရင် ဒီနှစ်က သိသိသာသာ ထိုးတက်လာတယ်လို့ ပြောရမယ်။ ဆံပင်တွေကို ချနိုင်းနဲ့ ဘန်ဂလောကနေ ကုန်ကားတွေနဲ့သယ်လာပြီး တရူးချီလေဆိပ်ကနေတဆင့် သက်ဆိုင်တဲ့ နေရာအသီးသီးကို ပို့ဆောင်ပေးတာပါ” လို့ တရူးချီလေဆိပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

အိန္ဒိယက ဆံပင်ပို့ကုန်တွေကို အဲအေးရှားလေကြောင်းလိုင်းမှတဆင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ပို့ဆောင်ပြီး အဲဒီကနေတဆင့် ရန်ကုန်ကိုပို့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အိန္ဒိယမှ မြန်မာကို ဆံပင်ပို့ကုန် ၁၅ တန်ခန့် တင်ပို့ခဲ့