ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးဖွင့်ပွဲ (ဓာတ်ပုံ)
DVB
·
July 29, 2015
ထိုင်းနိုင်ငံမြောက်ပိုင်းရောက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေပါ မြန်မာသံရုံးဆိုင်ရာကိစ္စတွေ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်လိုက်ပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မနက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Thanasak Patimaprakorn နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ဖွင့်လှစ်ပေခဲ့တာပါ။
အခမ်းအနားမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နဲ့ ထိုင်းအစိုးရ အဖွဲ့ဝင်တွေ၊ ထိုင်းနိုင်ငံမှာ ရှိတဲ့ တခြား နိုင်ငံတာကာ သံအမတ် တွေလည်းတက်ရောက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီကောင်စစ်ဝန်ရုံးဖွင့်လိုက်တာဟာ နှစ်နိုင်ငံ အကြား သမိုင်းမှတ်တိုင်တခုစိုက်ထူနိုင်ပြီဖြစ်သလို နှစ်နိုင်ငံရဲ့ ချစ်ကြည်ရေး နဲ့ ပြည်သူချင်းရင်းနှီးမှုလည်း ပိုမိုရရှိလာမှာဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာကြောင်းပြောပါတယ်။ ဒီကောင်စစ်ဝန်ရုံကနေပြီး ဘန်ကောက်အခြေစိုက် မြန်မာသံရုံးအတိုင်း အစစအရာရာ ၀န်ဆောင်မှုပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။