A d v e r t i s e m e n t With Us

ထပ်စင်၏ညီမကို မဟုတ်မမှန်ထွက်ဆိုမှုဖြင့် အရေးယူရန် တောင်းဆို

မကြာခင်ကျင်း​ပမယ့်​ ထိုင်း​နိုင်ငံ​ရွေး​ကောက်ပွဲမှာ ​ရေပန်း​စား​နေတဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ရဲ့​ အမှုတုန်း​က ညီမဖြစ်သူဟာ ရုံးတော်မှာ မမှန်မကန် ထွက်ဆိုခဲ့​တယ်ဆိုပြီး​ တရား​စွဲ​ရေး​တိုက်တွန်း​ဖို့​ ထိုင်း​နိုင်ငံ​ရေး​ပညာရှင်အဖွဲ့​တခုကို ဒီက​နေ့​ ဖွဲ့​စည်း​လိုက်ပါတယ်။ ရောင်စုံအင်္ကျီအဖွဲ့​ခေါင်း​ဆောင် ​ဒေါက်တာတုန် စစ်ထိစုမ်ဝုန်နဲ့​ အထက်လွှတ်​တော် အမတ်​ဟောင်း​ က​ယောက်စံတို့​ဟာ နိုင်ငံ​ရေး​သမား​တွေရဲ့​မသမာမှု​တွေကို စုံစမ်း​ဖော်ထုတ်အ​ရေး​ယူနိုင်ဖို့​ ဇွန်လ ၇ ရက်​နေ့​မှာ “ထပ်စင် လိမ်လည်ဖြတ်စား​မှု လွတ်ငြိမ်း​ချမ်း​သာခွင့်​ တား​ဆီး​ရေး​ လူထုကွန်ရက်” အဖြစ် ပူး​ပေါင်း​ဖွဲ့​စည်း​ကြောင်း​ကိုလည်း​ ထိုင်း​မီဒီယာ​တွေက​နေတဆင့်​ ​ကြေညာခဲ့​ပါတယ်။ ဒီအဖွဲ့​ရဲ့​ပထမဆုံး​လှုပ်ရှား​မှုအဖြစ် လာမယ့်​ရွေး​ကောက်ပွဲမှာ ဝန်ကြီး​ချုပ်​ဟောင်း​ကို ​ထောက်ခံတဲ့​ ​ဖေ့​ထိုင်း​ပါတီ အနိုင်ရဖို့​ မဲဆွယ်မှု​တွေလုပ်​နေတဲ့​ မစ္စတာ ထပ်စင်ရှင်နဝပ်ရဲ့​နှမ ရင့်​ရတ်ရှင်နဝပ်ကို တရား​စွဲ​ရေး​ တိုက်တွန်း​မှာဖြစ်ပါတယ်။ ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ရဲ့​ညီမဟာ သူ့​အစ်ကိုဖြစ်သူရဲ့​ အစုရှယ်ရာ ကွယ်ဝှက်မှုတုန်း​က လိမ်လည်သက်​သေခံခဲ့​တယ်လို့​ လူထုကွန်ရက်က ထိုင်း​ရုပ်မြင်သံကြား​တွေနဲ့​ ထိုင်း​မီဒီယာ​တွေမှာ ​ပြော​နေတာ ဖြစ်ပါတယ်။ ထိုင်း​နိုင်ငံ ​ရှေ့​နေများ​ကောင်စီ ထိုင်း​နိုင်ငံ​ရေး​ အမှုအခင်း​ ကျွမ်း​ကျင်သူတဦး​က ဒီအ​ကြောင်း​နဲ့​ပတ်သက်လို့​ အခုလို​ပြောပါတယ်။ “ဝန်ကြီး​ချုပ်​ဟောင်း​ထပ်စင်က ဖွဲ့​စည်း​ပုံဥပ​ဒေ ကိုလက်တလုံး​ခြား​လုပ်ပြီး​ မိမိကိုယ်ကျိုး​ကို လုပ်ခဲ့​တယ်ဆိုတဲ့​အမှုတုန်း​က ညီမဖြစ်သူရဲ့​ထွက်ဆိုချက်​တွေ​ကြောင့်​ နိုင်ငံ​တော်က ရသင့်​ရထိုက်တာ​တွေကိုဆုံး​ရှံး​ခဲ့​တယ်။ ဒီ​တော့​ နိုင်ငံ​တော်ရဲ့​ကိုယ်စား​ နိုင်ငံ​တော်မှာရှိတဲ့​ ဒီအက်စ်အိုင်တို့​၊​ ရဲဌာနတို့​နဲ့​တရား​ရေး​ဌာန​တွေက ဒီအမှုကိုအ​ရေး​ယူရမယ့်​တာဝန်ရှိတယ်။ ဒါကိုသူတို့​မလုပ်ခဲ့​ကြလို့​ အခုလို ​တောင်း​ဆိုတာဖြစ်တယ်။ ဒါဟာ ထိုင်း​နိုင်ငံရဲ့​ဒီမိုက​ရေစီစနစ်မှာ အာဏာပိုင်အဖွဲ့​အစည်း​နဲ့​ အာဏာပိုင်​တွေရဲ့​ အာဏာချိန်ခွင်လျှာကို ထိန်း​ညိ‡ထား​တဲ့​ အရာတခုဖြစ်တယ်။ ထိုင်း​နိုင်ငံရဲ့​ အမြင့်​ဆုံး​ဥပ​ဒေဖြစ်တဲ့​ ဖွဲ့​စည်း​အုပ်ချုပ်ပုံဥပ​ဒေမှာ ဒါ​တွေကို လူထုက လှုပ်ရှား​တောင်း​ဆိုခွင့်​ရှိတယ်။” ဒီအမှုဟာ ရာဇဝတ်မှုဖြစ်တဲ့​အတွက် ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ရဲ့​ညီမ ယင့်​ရတ်ရှင်နဝပ် မှား​တယ် မှန်တယ်ဆိုတာကို တရား​ဥပ​ဒေအရ အဆုံး​အဖြတ်​ပေး​ရမှာဖြစ်ပြီး​ လူထုမဲ​ပေး​ဆုံး​ဖြတ်ရမယ့်​ကိစ္စ မဟုတ်ဘူး​လို့​ အထက်လွှတ်​တော်အမတ်​ဟောင်း​ က​ယောက်စံက ±ုပ်သံအင်တာဗျူး​တွေမှာ ဖွင့်​ဆိုသွား​ပါ​သေး​တယ်။ ရောင်စုံအင်္ကျီအဖွဲ့​ဟာ မနှစ်က ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ဖြစ်ပွား​ခဲ့​တဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ကို ​ထောက်ခံသူအင်္ကျီအနီဝတ်တချို့​ရဲ့​အကြမ်း​ဖက်မှုကို ဆန့်​ကျင်ဆန္ဒပြခဲ့​တဲ့​ ဘန်​ကောက်လူထု အစုအ​ဝေး​ဖြစ်ပြီး​ အထက်လွတ်​တော်အမတ်​ဟောင်း​ က​ယောက်စံက​တော့​ နိုင်ငံ​ရေး​သမား​မသမာမှု စုံစမ်း​စစ်​ဆေး​ရေး​ကော်မတီကို သူအထက်လွတ်​တော်အမတ်ဖြစ်ခဲ့​စဉ်တုန်း​က ဦး​ဆောင်ခဲ့​သူဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up