A d v e r t i s e m e n t With Us

အစ္စရေးတပ်နှင့် အခြေချနေထိုင်သူများ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

အစ္စရေးတပ်တွေနဲ့ အနောက်ဘက်ကမ်းပါးက အိမ်တွေကို ဖျက်မယ့်ဘေးက ကာကွယ်ဖို့ ကြိုးစားတဲ့ အခြေချနေထိုင်သူတွေကြား ဇူလိုင် ၂၈ ရက်နေ့မနက် အရုဏ်မတက်မီက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ တရားရုံးချုပ် အမိန့်အရ တရားမဝင် အဆောက်အဦတွေကို ဖယ်ရှားဖို့ ကြိုးစားမှုအတွင်း ခုလို ဖြစ်ကြတာပါ။ အစ္စရေးရဲနဲ့ တပ်ထိန်းရဲ ဒါဇင်အတော်များများ အနောက်ဘက်ကမ်းပါးက ဘိတ်အယ်လ် အခြေချနေထိုင်ရာ နေရာကို ရောက်လာခဲ့ပြီး ဒေသခံ အဆောက်အဦ ၂ ခု ဆောက်လုပ်မှုကို ရပ်ဖို့ တရားရုံးအမိန့်ကို ဆောင်ရွက်ခဲ့တာပါ။ အဲဒီနေရာမှာ ဂျူး အခြေချနေထိုင်သူတွေက ဆူပူကြိမ်းမောင်းခဲ့ကြလို့ အဓိကရုဏ်း နှိမ်နင်းရေးစနစ်ကိုသုံးပြီး အစ္စရေးတပ်တွေဟာ အဆောက်အဦတွေထဲကို အတင်းဝင်ခဲ့တာပါ။ ရာမယ်လာမြို့နားက အနောက်ဘက်ကမ်းပါး အခြေချအဆောက်ဦစုထဲက တခုမှာ ဒါဇင်နဲ့ချီတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ ဂျူးလူငယ်တွေနဲ့ အသေအကျေ တိုက်ခဲ့ကြပါတယ်။ အစ္စရေး လူ့အခွင့်အရေး အဖွဲ့ကတော့ မြေကွက်ထဲက ဘယ်လို ဆောက်လုပ်မှုကိုမဆို ဖျက်သိမ်းမှုတွေ စီမံရေး လမ်းညွှန်ချက်တွေကို ပယ်ဖျက်ဖို့ ပါလက်စတိုင်း မြေရှင်တွေနဲ့အတူ တရားရုံးချုပ်ကို အရေးပေါ် အသနားခံစာ တင်ခဲ့ပါတယ်။ နေထိုင်သူ ဒါဇင်ပေါင်းများစွာ အတင်း နေရာရွှေ့ခံရ၊ လူအများအပြား အဖမ်းခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု အစီရင်ခံတာတော့ မရှိပါဘူး။ အဆောက်အဦတွေကို ဖျက်ရေး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့ ကြိုးစားတဲ့ အနေနဲ့ ဒေသခံကောင်စီက တရားရုံးဆီ ဇူလိုင် ၂၈ ရက်နေ့မှာ အသနားခံစာတင်ဖို့ ပြင်နေတယ်လို့ ဒေသခံ အစ္စရေး မီဒီယာက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up