Home
မြန်မာသတင်း
ထိုင်း-မြန်မာ ဗီဇာမလိုဘဲသွားလာခွင့် နှစ်နိုင်ငံဝန်ကြီးများ သဘောတူလက်မှတ်ရေးထိုး
DVB
·
July 28, 2015
ထိုင်း-မြန်မာ နှစ်နိုင်ငံပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဗီဇာမလိုပဲ နှစ်ပတ်ကြာ သွားလာနေ ထိုင်နိုင်ဖို့ နှစ်နိုင်ငံသဘောတူထားတဲ့ ကိစ္စဟာ နောက် ၁၄ ရက်အကြာမှာ စတင် အသက်ဝင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပူးတွဲကော်မရှင် အစည်းအဝေးပွဲပြုလုပ်ခဲ့ပြီး နိုင်ငံဗီဇာကင်းလွတ်ခွင့် အတွက်လည်း နိုင်ငံခြားရေးဝန်ကြီးတွေက လက်မှတ်ထိုးခဲ့ကြပါတယ်။ လက်မှတ်ထိုးပြီးနောက် ၁၄ ရက်အတွင်း မှ အတည်ဖြစ်သွားမယ်လို့ ပြောပါတယ်။ "ဒီဥစ္စာက နောက် ၁၄ ရောက်ကြာတဲ့ အခါမှာ သူက အတည်ဖြစ်သွားပြီးတော့ နှစ်နိုင်ငံကို နိုင်ငံတကာလေဆိပ်တွေကနေဝင်လာမယ့် နှစ်ဖက်နိုင်ငံသားတွေ သာမန်နိုင်ငံကူးလက်မှတ် လက်ဝယ်ကိုင်ဆောင်ထားသူတွေဟာ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဝင်ရောက်မယ်ဆိုရင် ဗီဇာလျှောက်စရာမလိုဘဲနဲ့ ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါကို နှစ်နိုင်ငံ ပြည်သူတွေအနေနဲ့ ကူးလူးဆက်ဆံတဲ့ နေရာမှာ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် သွားလာနိုင်တဲ့ အခွင့်အရေးတွေရလာမှာဖြစ်ပါတယ်" ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီဆွေးနွေးပွဲမှာ လာမယ့်အာဆီယံစီးပွားရေး အသိုက်အ၀န်းအမီ နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရေးကိစ္စတွေပါ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စမှာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်ကူးမှုပြဿ နာ၊ လူကုန်ကူးမှုပြဿ နာ ဖြေရှင်းရေး ၊ ထားဝယ်ရေနက်ဆိပ်ကမ်းဒေသ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စတွေပါ ဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံထဲမှာ ဘတ်သန်းပေါင်း ၁၀၀၀ ကနေ ၁၂၀၀ ထိ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်သွားဖို့ရှိတယ်လို့ ဆွေးနွေးပွဲအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက် တွေကို ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ ထိုင်းဘက်က နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထနဆဒ်ဒီ ပတိမာကွန်းတို့က ဦးဆောင်ဆွေးနွေးခဲ့တာပါ။ နှစ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အစိုးရတာဝန်ရှိသူတွေဟာ မနက်ဖြန် ဇူလိုင်လ ၂၉ ရက် မှာ ချင်းမိုင်မှာ ဖွင့်လှစ်မယ့် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024