ကြွက်ဦးနှောက်ကို အဝေးထိန်း ကိရိယာဖြင့် သိပ္ပံပညာရှင်များ ထိန်းချုပ် (ရုပ်သံ)

1.3K
ဦးနှောက်ကို အဝေးထိန်း ကိရိယာနဲ့ ထိန်းထားပြီး ကြွက်ရဲ့ ဦးတည်ရာကို ထိန်းချုပ်နိုင်မယ့် ပစ္စည်းတခုကို သိပ္ပံပညာတွေက စမ်းသပ်နေပါတယ်။
ဝါရှင်တန် ဆေးတက္ကသိုလ်နဲ့ အီလီနွိုက် တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီပစ္စည်းဟာ တနေ့မှာ အာရုံကြောဆိုင်ရာ ရောဂါတွေကို ခံစားနေရတဲ့သူတွေကို ကုသနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။
ကြွက်ရဲ့ ဦးနှောက်မှာ တွဲထားတဲ့ ကိရိယာလေးက ခလုတ်ကို နှိပ်လိုက်ရင် ကြွက်ရဲ့ ဦးနှောက်ထဲ ဆေးတွေ ထိုးသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဦးနှောက် ဆဲလ်တွေကို လှုပ်ရှားစေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းထဲကို ဆေးထိုးပြီးတဲ့နောက် ကြွက်တွေရဲ့ ဦးတည်ရာကို သိရှိနိုင်ပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဒီကိရိယာက လက်ရှိ ဦးနှောက်ထဲကို ဆေးတွေ ထိုးသွင့်နေတဲ့ အရာတွေထက် ဦးနှောက် သစ်ရှုးတွေကို ပျက်စီးမှုနည်းပါးစေတယ်လို့ ဆိုပါတယ်။