Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၁ သန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မင်္ဂလာဒုံတွင်ဖမ်းမိ
ပိုင်စိုး
·
July 28, 2015
မြန်မာကျပ်ငွေ သိန်းပေါင်း တသန်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို မင်္ဂလာဒုံမြို့နယ်မှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာမှာ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့မ ရဲစခန်း လှည့်ကင်းအဖွဲ့ဟာ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ KIA BONGO အမျိုးအစား ကွန်တိန်နာဘောက် အဖြူရောင် ကိုယ်ပိုင် မော်တော်ယာဉ်ကို မသင်္ကာတဲ့အတွက် စစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ ရှာဖွေတွေ့ခဲ့တာပါ။ ဖမ်းဆီးမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၆၇ သိန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၃၅ဝဝဝ (၁၃၃ ဒသမ ၅ ဘီလီယံ)ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တယ်လို့  သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024