အိန္ဒိယသမ္မတဟောင်း အဗ္ဗဒူ ခါလမ် ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယသမ္မတဟောင်းနဲ့ ဒုံးကျည်အစီအစဉ်ရဲ့ ဖခင်ကြီး အေ ပီ ဂျေ အဗ္ဗဒူ ခါလမ်ဟာ အသက် ၈၃ နှစ်အရွယ်မှာ နိုင်ငံအရှေ့မြောက်ပိုင်း မက်ဂါလာယာပြည်နယ်က ဆေးရုံမှာ ဇူလိုင် ၂၇ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ခါလမ်းဟာ နှလုံးရောဂါ ဖောက်ပြီး မေဂါလာယာ ပြည်နယ်ရဲ့ မြို့တော် ရှီလ်လောင်းမြို့ ဘက်သနီဆေးရုံမှာ သေဆုံးခဲ့တာလို့ ဆေးရုံ အမှုဆောင်အရာရှိ ဂျွန်အယ်လ် စိုင်လိုက ပြောပါတယ်။ ဒုံးကျည်ဖခင်ကြီးလို့ သိကြတဲ့ သူဟာ အိန္ဒိယဒုံးကျည်တွေကို နျူကလီးယား ထိပ်ဖူး တပ်နိုင်အောင် တိုးတက်အောင်လုပ်တဲ့ သိပ္ပံပညာရှင် အသင်းကို ဦးဆောင်ခဲ့သူပါ။ သူဟာ ၁၉၉၈ ခုနှစ်က နျူကလီးယား စမ်းသပ်မှုကို ကူညီပေးပြီး အိန္ဒိယနိုင်ငံကို နျူကလီးယား လက်နက်ရှင် နိုင်ငံဖြစ်အောင် လုပ်ပေးခဲ့အပြီး အမျိုးသားသူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၂ ကနေ ၂၀၀၇ ခုနှစ်ကြား အိန္ဒိယရဲ့ ၁၁ ယောက်မြောက် သမ္မတ ဖြစ်လာခဲ့တဲ့ ခါလမ်ဟာ စာသင်ခန်းထဲ စာသင်နေတုန်း အဲဒီနေ့ အစောပိုင်းက လဲကျခဲ့တာလို့ အိန္ဒိယ မီဒီယာက အစီရင်ခံပါတယ်။ တောက်လောင်နေသော စိတ်များလို့ နာမည်ပေးထားတဲ့ စာအုပ်ကို ရေးခဲ့သူ ခါလမ်ဟာ အနောက်နိုင်ငံတွေက ဈေးကြီးတဲ့ တင်သွင်းကုန်တွေကို အားမပေးဘဲ အိန္ဒိယရဲ့ နည်းပညာကို အားကောင်းအောင်လုပ်ရေး မနားမနေ လှုပ်ရှားမှုကြောင့် လူသိအများဆုံး ဖြစ်လာခဲ့ပါတယ်။ ၁၉၃၁ အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးခဲ့တဲ့ ခါလမ်ဟာ အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ်သား ဖြစ်ပြီး လေကြောင်းနဲ့ အာကာသ အင်ဂျင်နီယာဘွဲ့ကို မဒ်ဒရတ်စ် နည်းပညာ တက္ကသိုလ်ကနေ ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up