A d v e r t i s e m e n t With Us

ရာသီကြိုခြေစမ်းပွဲ ရီးရဲလ် ၃ – ၀ အင်တာမီလန် (ရုပ်သံဟိုက်လိုက်)

တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ရာသီအကြို ခြေစမ်းပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အင်တာမီလန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ခြေစမ်းပွဲကို တရုတ်နိုင်ငံ ဂွမ်ဇူးမှာ ဇူလိုင် ၂၇ ရက်နေ့က ယှဉ်ပြိုင်သွားတာပါ။ ရီးရဲလ်မက်ဒရစ်က လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့တာပါ။ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို နောက်တန်းသမား ဂျက်ဆီက သွင်းယူပါတယ်။ အင်တာက ကန်သွင်းချက်တွေကိုလည်း ရီးရဲလ်ဂိုးသမား လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရီးရဲလ်က ကစားသမား ၅ ယောက်အထိ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယဂိုးကို ၅၅ မိနစ်မှာ တဘက်နောက်တန်းရဲ့  အမှားကနေ သွင်းယူပါတယ်။ နောက်ဆုံး အပိတ်ဂိုးကို ပွဲပြီးဖို့ ၃ မိနစ်လောက် အလိုမှာ ရော်ဒရီဂွတ်ဇ်က ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်ဟာ ဇူလိုင် ၃၀ ရက်နေ့မှာ အေစီမီလန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up