A d v e r t i s e m e n t With Us

၂၀၁၇မှာ မန်ယူကို စွန်ခွာမည်ဟု နည်းပြပြော

မန်ယူနည်းပြ လူးဝစ် ဗန်ဂါ
၂၀၁၇ခုနှစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းကို စွန့်ခွာဖို့ စီစဉ်ထားတယ်လို့ နည်းပြ လူးဝစ် ဗန်ဂေါက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ၂၀၁၇ မှာ မန်ယူနဲ့ ၃ နှစ်စာချုပ် သက်တမ်း ပြည့်မှာ ဖြစ်ပြီး ဇနီးကို ပေးထားတဲ့ ကတိအတိုင်း တည်အောင် လုပ်ရမှာလို့ ဆိုထားပါတယ်။ အသက် ၆၃ နှစ် ဒတ်ခ်ျ နည်းပြက နှစ်တွေအကြာကြီး ခွဲမနေဖို့ ဇနီးကို ဂတိပေးထားပါတယ်။ ဒါကြောင့် မန်ယူကိုစွန့်ခွာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၅၅ နှစ်အရွယ် ကတည်းက နည်းပြအလုပ်ကို စွန့်လွှတ်ရမှာ ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ နည်းပြ လုပ်ချင်တဲ့ ဆန္ဒကြောင့် အခုထိ ဆက်လုပ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up