ချောင်းရေနှင့် မျောပါလာသည့် တောဆင်ရိုင်းငယ်ကို ကယ်တင်
DVB
·
July 28, 2015
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ကျောက်ဖျာချောင်းအတွင်း ချောင်းရေနဲ့ ဆင်ငယ်တကောင်မျောပါလာတာကို သစ်တောဝန်ထမ်းတွေနဲ့ ကျေးလက်ပြည်သူများ ပူးပေါင်းပြီး ဇူလိုင် ၂၅ ရက်က ကယ်တင်နိုင်ခဲ့ပါတယ်။
အဲဒီဆင်ငယ်ဟာ သစ်လုပ်ငန်း ဆင်ဝိုင်းက မဟုတ်ဘဲ တောဆင်ရိုင်း ဖြစ်နေကြောင်း တွေ့ရှိရတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ ဆင်ငယ်ကို ဆယ်ယူကယ်တင်ခဲ့တဲ့ နေရာနှင့် ၅ မိုင်အကွာမှာ မိခင်ဆင်မကြီး အော်ဟစ်နေကြောင်း သိရတဲ့အတွက် ဆင်ငယ်ကို မိခင်ဆင်မကြီးရှိရာ ဆင်အုပ်ဆီကို နေ့လယ်ပိုင်းမှာ ပြန်လည် စေလွှတ်ပေးခဲ့ပါတယ်။
ဆင်ငယ်ဟာ ခန့်မှန်း အသက် (၃/၄) လလောက်ရှိပြီး အမြင့် ၃ ပေ ၆ လက်မလောက် ရှိတဲ့ မိခင်နို့မပြတ်သေးတဲ့ ဆင်မဖြစ်ကြောင်း သတင်းမှာ ဆိုထားပါတယ်။