A d v e r t i s e m e n t With Us

လက်ဖြင့်ထိ ရေစင်တိုက်ပြီး ရောဂါကုသသည့် ဆရာလေး ဒေါ်သုန္ဒာ (ရုပ်သံ)

လက်နဲ့ထိပြီး ရေစင်သောက်ရုံနဲ့ ရောဂါပျောက်ကင်းနိုင်တယ်ဆိုတဲ့ နတ်မောက်မြို့က သီလရှင်ဆရာလေး ဒေါ်သုန္ဒာရဲ့  ရန်ကုန်မြို့မှာ ၁၁ ရက်ကြာ ဆေးဝါးကုသပေးတဲ့   အစီစဉ်ကို  လာရောက်ကုသသူပေါင်း ၁၅၀၀၀ နီးပါးထိရှိခဲ့ပါတယ်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းက မဟာပုညပကာရဓမ္မရုံမှာ ဇူလိုင် ၁၆ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ  ၁၁ ရက်ကြာ  လာရောက်ကုသနေတာပါ။ တစ်ရက်ကို လာရောက်ကုသသူ ၁၀၀၀ ကျော်နဲ့ ဇူလိုင် ၂၆ ရက်နေ့က ၃၀၀၀ ကျော်၊ ဇူလိုင်၂၇ ရက်နေ့မှာ ဆေးဝါးကုသဖို့ စာရင်းပေးထားသူ ၃၀၀၀ ကျော်ထိ ရှိနေပါတယ်။ ဆေးဝါးကုသရာမှာ  ရောဂါဖြစ်တဲ့နေရာကို  ဆရာလေးဒေါ်သုနန္ဒာရဲ့ လက်နဲ့ထိပြီး အဓိဋ္ဌာန်ပြုထားတဲ့ ရေစင်ကို သောက်ဆေးအနေနဲ့ ကုသတာဖြစ်ပါတယ်။ လာရောက်ကုသခံ သူတွေကတော့  ယုံကြည်မှုအရ လာရောက်ကြသူတွေဖြစ်ပါတယ်။ မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့၊ နာမ်စွန်း၊ နာမ်ဘူး၊ နာမ်မြင့်တောရကျောင်းက သာသနာပြုဆရာလေး ဒေါ်သုနန္ဒာဟာ လွန်ခဲ့တဲ့လအနည်းငယ်ကလည်း ရန်ကုန်မြို့မှာ ဆေးဝါးအလှူပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

A d v e r t i s e m e n t With Us

More News
Up