A d v e r t i s e m e n t With Us

ရေမျောရေလုပ်သားမိသားစုများကို အန်အယ်လ်ဒီ သွားရောက်လှူဒါန်း

ဧရာဝတီတိုင်း​၊​ ဖျာပုံနဲ့​ဘိုက​လေး​မြို့​နယ်​တွေက ပင်လယ်ထဲ ​မျောပါ​ပျောက်ဆုံး​ခဲ့​တဲ့​ ​ရေလုပ်သား​မိသား​စု ၁၂ဝ ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဗဟိုအလုပ်အမှု​ဆောင် ဦး​အုန်း​ကြိုင်​ခေါင်း​ဆောင်တဲ့​အဖွဲ့​က ဇွန် ၃၊​ ၄၊​ ၅ ရက်​နေ့​တွေမှာ သွား​ရောက်လှူဒါန်း​ခဲ့​ကြပါတယ်။ ကျောင်း​သား​ရှိတဲ့​ မိသား​စုကို ကျပ်တ​သောင်း​ခွဲ၊​ ကျန်မိသား​စု​တွေကို​တော့​ ကျပ်တ​သောင်း​စီ ​ထောက်ပံ့​လှူဒါန်း​ခဲ့​တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ အဖွဲ့​ချုပ်အ​နေနဲ့​ ဒုတိယအကြိမ် ​ထောက်ပံ့​လှူဒါန်း​တာဖြစ်ပြီး​ အလျဉ်း​သင့်​သလို ​ထောက်ပံ့​လှူဒါန်း​သွား​မယ်လို့​ ​ပြောပါတယ်။ ဦး​ဆောင်သွား​ရောက်လှူဒါန်း​ခဲ့​တဲ့​ ဦး​အုန်း​ကြိုင်က ကျန်ရစ်တဲ့​ ​ရေလုပ်သား​မိသား​စု​တွေ ​ပြောပြတာ​တွေကို ခုလို ပြန်​ပြောပြပါတယ်။ “အဲဒီမှာ သူတို့​ရဲ့​တင်ပြချက်​တွေက​တော့​ စိတ်မ​ကောင်း​စရာပါ။ သူတို့​ရဲ့​ အလုပ်ရှင်​တွေက ဘာမှ သူတို့​ကို မပံ့​ပိုး​တဲ့​အပြင် ​သေသလား​၊​ ရှင်သလား​၊​ ဘယ်အ​ခြေအ​နေ ရှိတယ်ဆိုတာ​တောင်မှ လာပြီး​တော့​ သတင်း​လေး​တောင် ​ပြောမလာကြတဲ့​အ​ကြောင်း​၊​ သူတို့​ဘာသာသူတို့​ သတင်း​ကြား​ပြီး​ ပူ​ဆွေး​သောကကြီး​စွာနဲ့​ သတင်း​တွေနား​ထောင်ပြီး​ ပြန်မ​ရောက်ကြ​တော့​မှပဲ ​သေပြီလို့​မှတ်ယူရလို ဖြစ်တဲ့​အ​ကြောင်း​၊​ သူတို့​ လုပ်ခကျန်တာ​တွေ ထုတ်ဖို့​ ဖုန်း​ဆက်တာ​တောင်မှ အလုပ်ရှင်က ကိုယ်တိုင်မ​ဖြေဘဲနဲ့​ စာ​ရေး​တွေနဲ့​ လွှတ်ထား​ပြီး​ မသိသလို ​ပြောလွှတ်တဲ့​အ​ကြောင်း​။ တချို့​လည်း​ပဲ ​သေဆုံး​သွား​တဲ့​ ​ယောကျာ်း​တွေက လခ​တွေယူသွား​တာမျိုး​ ကြုံရတဲ့​အ​ကြောင်း​ သူတို့​မှာ လုံး​ဝအခက်အခဲ​တွေ ဖြစ်​နေတဲ့​အ​ကြောင်း​ တင်ပြကြပါတယ်။ ကျ​နော်တို့​ ပံ့​ပိုး​မှုက​တော့​ ဘယ်​လောက်မှ မများ​ပါဘူး​။ သို့​သော်လည်း​ သူတို့​ရင်မှာ အလွန်ပူပြင်း​နေတဲ့​ ​သောက​တွေအ​နေနဲ့​ ​ခေတ္တ​တော့​ အစဉ်​ပြေနိုင်မယ်လို့​ သဘောနဲ့​ ပံ့​ပိုး​တာပါ။” ဖျာပုံနဲ့​ဘိုက​ဘေး​မြို့​နယ်​တွေထဲက ​ဒေါ်ငြိမ်း​၊​ ကမန်တာ၊​ သရက်ပင်ဆိပ် စတဲ့​ရွာ​ပေါင်း​ ရှစ်ရွာ​လောက်မှာ ​နေထိုင်တဲ့​ ​ရေလုပ်သား​မိသား​စု​တွေဆီ အရောက်သွား​ပြီး​ လှူဒါန်း​ခဲ့​ကြတာ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ကောက်ယူရရှိတဲ့​ စာရင်း​တွေအရ ​ရေလုပ်သား​တ​ထောင်​ကျော် ​ပျောက်ဆုံး​သေဆုံး​တယ်လို့​ ဆိုပါတယ်။ ပြီး​ခဲ့​တဲ့​မတ်လလယ်က ဖျာပုံမြစ်ဝမှာ ​ကျောက်ချရပ်နား​ပြီး​ ငါး​ဖမ်း​နေတဲ့​ ငါး​ဖမ်း​စက်​လှေ​တွေ၊​ ကျား​ဖောင်​တွေ​ပေါ်က ​ရေလုပ်သား​တ​သောင်း​ကျော်ဟာ ပင်လယ်​လေပြင်း​ကြောင့်​ ပင်လယ်ပြင်ထဲ ​မျောပါခဲ့​ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up