အာဂျင်တီးနား ဂိုးသမားကို မန်ယူ ခေါ်

1.1K
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းက အာဂျင်တီးနား လက်ရွေးစင်ဘောလုံးအသင်းက ဂိုးသမား ဆာဂျီယို ရိုမာယိုကို ခေါ်ယူလိုက်ပါတယ်။
ဇူလိုင် ၂၇ ရက်က ခေါ်ယူလိုက်တာလို့ မန်ယူရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပရီမီးယားလိဂ် ဘောလုံးရာသီ မစတင်ခင်မှာ ရိုမာယိုက မန်ယူကို ရောက်ရှိမှာ ဖြစ်ပါတယ်။
သူကို ခေါ်ယူလိုက်တဲ့အတွက် ရီးရဲလ်အသင်းနဲ့ချိတ်ဆက်နေတဲ့ မန်ယူ ဂိုးသမား ဒီဂီယာ အနာဂတ်အတွက် မေးခွန်းထုတ်စာရာ ဖြစ်လာပါတယ်။ ဒါပေမယ့် ရိုမာယိုက နံပါတ် ၂ ဦးစားပေးဂိုးသမား ဖြစ်လာနိုင်တယ်လို့လည်းဆိုပါတယ်။
မန်ယူနည်းပြ လူးဝစ်ဗန်ဂေါကလည်း နယ်သာလန်ကလပ် အေဇက် အယ်လ်ခါမာတုန်းက အတူ လက်တွဲခဲ့ဖူးပါတယ်။
ရိုမာယိုဟာ ထူးခွန်တဲ့ ကစားသမားဖြစ်သလို သူမန်ယူကို ပြောင်းလာတာ ၀မ်းသာတယ်လို့ နည်းပြ ဗန်ဂေါက ပြောပါတယ်။
ရိုမာရီယိုဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာဖလား၊ ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွေမှာ ပါဝင်ကစားခဲ့သလို အီတလီ စီးရီးဘီက ဆမ်ဒိုးနီးယားအသင်းမှာလည်း ကစားခဲ့ဖူးပါတယ်။
မန်ယူအသင်းက လက်ရှိမှာတော့ ဘောလုံးသမား ၅ ဦးကို ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။