A d v e r t i s e m e n t With Us

၁၁ ပါတီ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကော်မတီဖွဲ့စည်း

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၇ ရက် ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ နိုင်ငံ​ရေး​ပါတီ​တွေထဲက ဒီမိုကရက်တစ်အင်အား​စုနိုင်ငံ​ရေး​ပါတီ​တွေနဲ့​ တိုင်း​ရင်း​ သား​နိုင်ငံ​ရေး​ပါတီ ၁၁ ပါတီ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ ၁၁ ပါတီက မကြာခင်မှာ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်နိုင်ဖို့​အတွက် “ကြား​ဖြတ်​ရွေး​ကောက်ပွဲဆိုင်ရာ” ​ကော်မတီတရပ်ကို ဖွဲ့​စည်း​လုပ်ဆောင်​နေကြပါတယ်။ ဒီလ ၂ ရက်​နေ့​က စတင်ဖွဲ့​စည်း​လိုက်တဲ့​ ဒီ​ကော်မတီက​နေ အ​ကောင်အ ထည်​ဖော်မယ့်​ လုပ်ငန်း​စဉ်​တွေကို ပြည်​ထောင်စု ဒီမိုက​ရေစီပါတီရဲ့​ ဥက္ကဋ္ဌ ဦး​သိန်း​ တင်​အောင်က အခုလို ​ပြောပြပါတယ်။ “နှစ်ရက်​နေ့​က ကြား​ဖြတ်​ရွေး​ကောက်ပွဲနဲ့​ပတ်သက်ပြီး​ မိတ်​ဆွေပါတီများ​ ၁၁ ပါတီ အစည်း​အ​ဝေး​လုပ်တယ်​လေ။ အဲဒီ နှစ်ရက်​နေ့​မှာ ဆုံး​ဖြတ်အတည်ပြုတာ ​ပေါ့​။ ပြီး​ရင် ၁ဝ ရက်​နေ့​မှာ ပထမအကြိမ် လုပ်ငန်း​ကော်မတီအစည်း​အ​ဝေး​ စမယ်။ ကြား​ဖြတ်​ရွေး​ကောက်ပွဲဆိုင်ရာ ​ကော်မတီကျ​တော့​ အရင်​ရွေး​ကောက်ပွဲလို ကိုယ့်​ဘက်က အား​နည်း​ချက်​တွေ မဖြစ်​အောင်ရယ်၊​ မထပ်​အောင်ရယ်၊​ မလပ်​အောင်ရယ်၊​ ​နောက်ပြီး​တော့​ ​ရွေး​ကောက်ပွဲ မဲရုံကိုယ်စား​လှယ်​တွေ အပြည့်​အဝရ​ရေး​၊​ ပြီး​တော့​ ဒီမိုကရက်တစ်ပါတီ​တွေ တကယ်မဟာမိတ်လုပ်ပြီး​တော့​ ကျန်တဲ့​ ကြံ့​ခိုင်​ရေး​တို့​ တစညတို့​နဲ့​ စီး​ချင်း​ထိုး​နိုင်​အောင်။” ဒီမိုက​ရေစီမိတ်​ဆွေပါတီ ၁၁ ပါတီထဲမှာ​တော့​ ဒီမိုကရက်တစ်ပါတီ (မြန် မာ)၊​ ဒီမိုက​ရေစီနှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီ၊​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု၊​ ပြည် ​ထောင်စုဒီမိုက​ရေစီပါတီ၊​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ၊​ ချင်း​အမျိုး​သား​ပါတီ၊​ ဖလုံစ​ဝေါ်ဒီမိုကရက်တစ်ပါတီ၊​ ရှမ်း​တိုင်း​ရင်း​များ​ဒီမိုကရက်တစ်ပါတီ၊​ ညီညွတ် ​သောဒီမိုကရက်တစ်ပါတီ၊​ ဝံသာနုအန်အယ်လ်ဒီနဲ့​ အမျိုး​သား​နိုင်ငံ​ရေး​မဟာမိတ် များ​အဖွဲ့​ချုပ် ပါတီတို့​ ပါဝင်ထား​ပါတယ်။ လက်ရှိအ​ခြေအ​နေမှာ​တော့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော် မရှင်က​နေ ကြား​ဖြတ်​ရွေး​ကောက်ပွဲ​တွေနဲ့​ပတ်သက်ပြီး​ ​နေ့​ရက်အတိအကျကို ထုတ်ပြန်ခြင်း​မရှိ​သေး​သလို အမျိုး​သား​လွှတ်​တော်နဲ့​ ပြည်သူ့​လွှတ်​တော်​တွေရဲ့​လစ် လပ်သွား​တဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ မဲဆန္ဒနယ်​မြေ​တွေကိုလည်း​ ထုတ် ပြန်​ကြေညာခြင်း​ မရှိ​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up