ကွန်ကာကပ်ဖ် ရွှေဖလားဗိုလ်လုပွဲ မက္ကဆီကို ၃-၁ ဂျမေကာ (ရုပ်သံ)

1.8K
မြောက်အလယ် အမေရိကန်နဲ့ ကာရေဘီယန် ဘောလုံးအဖွဲ့ချုပ် ရွှေဖလား ဗိုလ်လုပွဲမှာ မက္ကဆီကို အသင်းက ဗိုလ်စွဲသွားပါတယ်။
ဇူလိုင် ၂၆ ရက်က ကစားသွားတဲ့ပွဲမှာ မက္ကဆီကို အသင်းက ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လာတဲ့ ဂျမေကာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ဂျမေကာအသင်းက မြန်မြန်ဆန်ဆန် ထိုးဖောက်ကစားခဲ့ပေမယ့် မက္ကဆီကို အသင်းက တန်ပြန်ကစားသွားပြီး ၃ ဂိုး သွင်းယူသွားတာ ဖြစ်ပါတယ်။
ဂျမေကာအသင်း နောက်တန်းလူတွေရဲ့ အမှားကနေ တဆင့် မက္ကဆီကိုက ၂ ဂိုးသွင်းယူသွားတာလည်း ဖြစ်ပါတယ်။
ပထမပိုင်း ၃၁ မိနစ်မှာ အန်ဒရီး ဂွာဒါဒိုက မက္ကဆီကိုအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၄၇ နဲ့ ၆၁ မိနစ်မှာ နောက်ထပ်ဂိုးတွေ သွင်းယူခဲ့ပါတယ်။ ဂျမေကာအသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ ပွဲချိန် မိနစ် ၈၀မှာ ဒါရင်းမက်တော့က သွင်းယူပေးခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ ပင်နယ်တီရရှိခဲ့ပြီး ပနားမားကို အငြင်းပွားဖွယ်ရလဒ်နဲ့အနိုင်ရကာ ဗိုလ်လုပွဲကို တက်လာတဲ့ မက္ကဆီကိုက ပထမနေရာနဲ့ ထိုက်တန်တယ်ဆိုတာ ပြသခဲ့ပါတယ်။
မက္ကဆီကို အသင်းက ၇ ကြိမ်မြောက်ဗိုလ်စွဲတာလည်း ဖြစ်ပါတယ်။