Home
မြန်မာသတင်း
ရွှေ့ပြောင်း အလုပ်သမားများ အိမ်ရာ မီးလောင်၊ ၅ ဦးဒဏ်ရာရ (ရုပ်သံ)
DVB
·
July 27, 2015
ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် ထန်းပူရီမြို့နယ်မှာ ရွှေ့ပြောင်းအလုပ်သမား ၂ ထောင်ကျော် စုဝေးနေထိုင်တဲ့ အိမ်ရာစခန်း မီးလောင်ကျွမ်းခဲ့ပါတယ်။ ပချားတိပတ်ရပ်ကွက်က သွပ်မိုး ပျဉ်ကာ ၂ ထပ်အိမ်ခန်းတွေ  ဇူလိုင် ၂၅ ရက်နေ့ ညနေ ၂ နာရီခွဲလောက်က မီးလောင်ခဲ့တာလို့  ပတူနမ့်ကျူလာလောင်ကွန်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 1မီးလောင်တဲ့အချိန် လေပူတွေတိုက်ခတ်သလို ပေါက်ကွဲသံတွေလည်း အဆက်မပြတ်ကြားရတဲ့အတွက် မီးသတ်ကားပေါင်း ၁၅ စီးက အချိန် ၂ နာရီကြာ ခက်ခက်ခဲခဲ ငြိမ်းသတ်ခဲ့ရတယ်လို့ ရဲစခန်းက ပြောပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏကို မသိရပေမယ့် လူ ၅ ဦး ဒဏ်ရာရခဲ့တာကြောင့် နီးစပ်ရာဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 2မီးလောင်တဲ့နေရာမှာ အလုပ်သမားအိမ်ခန်းတွဲ စုစုပေါင်း ၁၁၀၀ ရှိပြီး  ဆောက်လုပ်ရေးကုမ္ပဏီတွေ ပူးပေါင်းကာ သူတို့အလုပ်သမားတွေ နေထိုင်ဖို့ ၂ ဧကခွဲရှိတဲ့ ခြံကျယ်ကြီးမှာ ဆောက်ပေးထားတာ ဖြစ်ပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အဲဒီကို သွားရောက်စစ်ဆေးတဲ့ ထန်းပူးရီးမြို့နယ် လက်ထောက်မြူနီစီပယ်မှူးက ၀ါယာရှော့ခ်ဖြစ်တာကြောင့် စလောင်တာလို့  ပြောဆိုပါတယ်။ 3အဲဒီတခြံလုံးမှာ လျှပ်စစ်မီတာအိုးတလုံးတည်းရှိပြီး အလုပ်သမားတွေက သူ့အခန်းကိုယ့်အခန်း လျှပ်စစ်ကြိုးတွေ သွယ်ယူအသုံးပြုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး ဆောက်လုပ်ရေးပစ္စည်းတွေလည်း အများအပြားရှိတဲ့အတွက် ၀ါယာကြိုးပေါက်ပြီး လောင်ကျွမ်းတာဖြစ်နိုင်ကြောင်း၊ အိမ်မီးလောင်လို့ နေရာထိုင်ခင်း ကင်းမဲ့သွားတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေအတွက် ယာယီမိုးကာတဲတွေ လုပ်ပေးထားတယ်လို့ မြူနီစီပယ်က ပြောပါတယ်။ အဲဒီခြံထဲမှာ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ ထောင်ကျော်နေထိုင်ကြပါတယ်။ ရုပ်သံ - matichon.co.th    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024