A d v e r t i s e m e n t With Us

ရန်ကုန် လက်ဝှေ့စိန်ခေါ်ပွဲ မလာနိုင်သဖြင့် စိတ်မကောင်းဖြစ်ရဟု မြန်မာ့စပါးအုံးပြော

ဇူလိုင် ၁၈ ရက် ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ One Championship စိန်ခေါ်ပွဲမှာ အမေရိကန်ပြည်ထောင်စုက အခြေအနေတခုကြောင့် မလာနိုင်ခဲ့ဘူးလို့ ကချင် ကိုယ်ခံပညာရှင် အောင်လ အန်ဆန်းက ပြောပါတယ်။ “ဒီပွဲမှာ လာရောက် ကစားဖို့ ကမ်းလှမ်းခံရပါတယ်၊ အရမ်းကို ထိုးချင်ပါတယ်။ ဒါပေမယ့် အမေရိကန်က ကျနော်အခြေအနေတခုအရ မထိုးနိုင်ပါဘူး။ မြန်မာမှာ မထိုးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် အခြေအနေကြောင့် ဖြစ်သွားရတာပါ။ လက်ရှိမှာတော့ လေ့ကျင်တာကိုပဲ လုပ်နိုင်ပါတယ်” လို့ အောင်လက အမ်အမ်အေ၀က်ဆိုဒ်မှာ ပြောပါတယ်။ မြန်မာ့ စပါးအုံးမြွေလို့ တင်စားခံထားရတဲ့ ကချင် ကိုယ်ခံပညာရှင် အောင်လဟာ One Championship နဲ့ စာချုပ်ချုပ်ဆိုထားဆဲ ဖြစ်ပါတယ်။ မြန်မာ့ကိုယ်ခံပညာ တိုက်ခိုက်ရေးသမား အနည်းငယ်သာ ပါဝင် ထိုးသတ်ခွင့်ရတာဟာ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲအတွက် တိုးတက်မှု တခုဖြစ်သလို ဒီပြိုင်ပွဲမှာ မြန်မာအချင်းချင်း ယှဉ်ပြိုင်ရတာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲ ဖွံ့ဖြိုးတိုးတက်ဖို့က ပြောဖို့ စောသေးတယ်လို့ သူက ပြောပါတယ်။ မြန်မာပြည်မှာ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲ ဖွံ့ဖြိုးတိုးတက်ဖို့က အချိန်က စကားပြောသွားမှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ အပြုသဘော ဆန်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up