A d v e r t i s e m e n t With Us

အမျိုးအစားအလိုက် စာပေစိစစ်ရေးကင်းလွတ်မည့် မူဝါဒစတင်တော့မည်

အမျိုး​အစား​တွေအလိုက် ဂျာနယ်၊​ မဂ္ဂဇင်း​နဲ့​ စာ​စောင်​တွေ ဒီလလယ်​လောက်က​နေ စတင်ပြီး​ စာ​ပေစိစစ်​ရေး​ကို တင်စရာမလို​တော့​တဲ့​ စာ​ပေစိစစ်​ရေး​မူဝါဒ​တွေကို ​ပြောင်း​လဲကျင့်​သုံး​တော့​မယ်လို့​ သိရပါတယ်။ ဒီလ ၈ ရက်​နေ့​၊​ ​နေ့​လယ် ရန်ကုန်မြို့​က ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ​ရေး​လုပ်ငန်း​ရုံး​ချုပ် အစည်း​အ​ဝေး​ခန်း​မမှာ ပြုလုပ်မယ့်​ “မူဝါဒများ​ ​ပြောင်း​လဲကျင့်​သုံး​မယ့်​ အစီအစဉ်နဲ့​ ပတ်သက်ပြီး​ လိုက်နာ ​ဆောင်ရွက်ရမယ့်​ လုပ်ငန်း​စဉ်​တွေကို ရှင်း​လင်း​ပြောကြား​မယ့်​ ညှိနှိုင်း​အစည်း​အ​ဝေး​” အပြီး​မှာ စတင်ကျင့်​သုံး​တော့​မှာ ဖြစ်ပါတယ်။ ဒီအစည်း​အ​ဝေး​ကို ထုတ်​ဝေသူ​တွေ၊​ အယ်ဒီတာ​တွေ၊​ စာ​ပေစာနယ်ဇင်း​အဖွဲ့​နဲ့​ ပုံနှိပ်လုပ်ငန်း​ရှင်များ​အသင်း​က တာဝန်ရှိသူများ​ကို ဖိတ်ကြား​ထား​ပြီး​ ဖြစ်တယ်လို့​ အမည်​ဖော်ခွင့်​မရှိတဲ့​ စာ​ပေစိစစ်​ရေး​ဝန်ထမ်း​တဦး​က ​ပြောပါတယ်။ ဒီ ညှိနှိုင်း​အစည်း​အ​ဝေး​ကို တက်​ရောက်ဖို့​ ဖိတ်ကြား​ခံထား​ရတဲ့​ ​ပေါ်ပြူလာဂျာနယ်ရဲ့​ အယ်ဒီတာချုပ် ဆရာဦး​ဟိန်း​လတ်က အခုလို ​ပြောပြပါတယ်။ “အဲဒါ​တွေ​တော့​ အဲဒီ​နေ့​ကစပြီး​ အကုန်ချပြမယ်​ပြောတယ်။ အရင်ကတည်း​က ဒါမျိုး​တွေကို ကြား​နေရတယ်။ သိပ်မ​သေချာ​သေး​ဘူး​။ အရင်က သတင်း​ထောက်​တွေလည်း​ မတက်ရဘူး​။ အခု​တော့​ သတင်း​ထောက်​တွေပါ တက်ရတယ်။ ဖိတ်ကြား​ထား​ပြီး​အပြင် သတင်း​ထောက်တ​ယောက်ပါ တက်လို့​ ရမယ် ​ပြောတယ်။” ပြောင်း​လဲလာမယ့်​ မူဝါဒအ​သေး​စိတ်ကို​တော့​ အဲ့​ဒီအစည်း​အ​ဝေး​ကျမှ သိရမှာဖြစ်တယ်လို့​လည်း​ အခြား​ သတင်း​ဂျာနယ် အယ်ဒီတာကလည်း​ဆိုပါတယ်။ စာ​ပေစိစစ်​ရေး​သတင်း​ရပ်ကွက်အချို့​က​တော့​ ဒီ​ပြောင်း​လဲ ကျင့်​သုံး​မယ့်​ မူဝါဒ​တွေထဲမှာ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ချမှတ်လာမယ့်​ ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေကို စတင်ကျူး​လွန်တဲ့​အချိန်က​နေ စတင်ပြီး​ ကျပ်​ငွေ သိန်း​ ၅ဝ ကို အာမခံအဖြစ် ထား​ရှိရမှာဖြစ်ပြီး​ ​နောက်ပိုင်း​မှာ အဲဒီ​ငွေထဲက​နေ ဒဏ်​ကြေး​အဖြစ် ဖြတ်​တောက်သွား​မှာ ဖြစ်ကာ ထုတ်​ဝေသူ​တွေက ဒီအာမခံ​ငွေပြည့်​အောင် ထပ်မံဖြည့်​တင်း​ထား​ရမှာဖြစ်တယ်လို့​လည်း​ ဆိုကြပါတယ်။ ဒီမူဝါဒ​တွေထဲမှာ ပါဝင်လာမယ့်​ စာနယ်ဇင်း​အမျိုး​ အစား​တွေမှာ​တော့​ အနုပညာ၊​ သုတရသ၊​ အား​ကစား​၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ ဂမီBရ၊​ နည်း​ပညာ အမျိုး​အစား​ ဂျာနယ်​တွေ၊​ မဂ္ဂဇင်း​တွေနဲ့​ စာ​စောင်​တွေပါဝင်ကြမှာဖြစ်ပြီး​ လက်ရှိထုတ်​ဝေ ဖြန့်​ချိ​နေတဲ့​ အမျိုး​အစား​စုံ ဂျာနယ် ၁၇၂ ​စောင်ထဲက ၈၄ ​စောင်၊​ မဂ္ဂဇင်း​ ၁၈၄ ​စောင်တွင် ၁၁၃ ​စောင်တို့​ ​တွေ့​ကြုံကြရမှာလည်း​ ဖြစ်ပါတယ်။ စာနယ်ဇင်း​ ​လောကထဲမှာ​တော့​ ဒီ​ပြောင်း​လဲကျင့်​သုံး​လာမယ့်​ မူဝါဒ​တွေထဲမှာ ဘယ်လို ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေ ထပ်မံ ပါဝင်လာမယ်ဆိုတာ ​စောင့်​ကြည့်​ကြရဦး​မှာဖြစ်သလို သတင်း​ဂျာနယ်​တွေနဲ့​ နိုင်ငံ​ရေး​စာ​ပေ​တွေ ပါဝင်ခြင်း​ မရှိ​သေး​တဲ့​အ​ပေါ်ကိုလည်း​ ​ဝေဖန်မှု​တွေ ရှိ​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up