A d v e r t i s e m e n t With Us

အင်တာမီလန်ကို ပြောင်းရွှေ့ရန် စီးတီးတိုက်စစ်မှူး ဂျိုဗက်တစ်ဆေးစစ်

ဓာတ်ပုံ-ရိုက်တာ
အင်္ဂလန်ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂျိုဗက်တစ်ဟာ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့တွက် ဒီတပတ်အတွင်းမှာ ဆေးစစ်မှု ခံယူဖို့ ရှိနေပါတယ်။ အီတလီကလပ် အင်တာမီလန်က ဂျိုဗက်တစ်ကို အငှားစာချုပ်နဲ့ ခေါ်ယူတာလား ဒါမှမဟုတ် အပြီးသတ် သဘောတူစာချုပ်နဲ့ ခေါ်ယူတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိပါဘူး။ ဗြိတိသျှ မီဒီယာတွေကတော့ အင်တာက မွန်တီနီဂရို လက်ရွေးစင် တိုက်စစ်မှူး ဂျိုဗက်တစ်ကို ၂ နှစ် အငှားစာချုပ်နဲ့ ခေါ်ယူတာ ဖြစ်တယ်ဆိုပြီး ခန့်မှန်းနေပါတယ်။ အသက် ၂၅ နှစ် ဂျိုဗက်တစ်ဟာ ပေါင် ၂၂ သန်းနဲ့ ဖီအိုရန်တီးနားကနေ ၂၀၁၃ မှာ ပြောင်းရွှေ့လာတာပါ။ သူဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရလို့ မန်စီးတီးအတွက် ၄၃ ပွဲမှာ ၁၁ ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဂျိုဗက်တစ်ရဲ့ အသင်းသစ် အင်တာမီလန်ဟာ ပြီးခဲ့တဲ့ စီးရီးအေ ဘောလုံးရာသီရဲ့ အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up