A d v e r t i s e m e n t With Us

ခွေးကျောင်းဖော် ချစ်သူရှာပေးမည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ

တင်ဒေါ့ဆိုတာ ကိုယ့်ရဲ့အိမ်မွေးခွေးနဲ့ တကိုယ်တော်လမ်းလျှောက်သူတွေအတွက် အဖော်ရှာပေးမယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာသစ်တခုပါ။ သင့်အနေနဲ့ သင့်ရဲ့ခွေးပုံကို အွန်လိုင်းပေါ်တင် လိုက်ပြီး သင်နဲ့အနီးအနားမှာရှိတဲ့ ခွေးပိုင်ရှင်တွေကို ရှာဖွေနိုင်ပါပြီ။ ခွေးကျောင်းဖော်ချစ်သူရှာဖွေချင်တဲ့ တကိုယ်တည်းသမားလူလွတ်တွေအတွက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အသုံးပြုနိုင်ပြီး ကိုယ့်ရဲ့မိတ်ဖက်သစ်ကိုရွေးချယ်နိုင်ပါလိမ့်မယ်။ ခွေးချစ်သူအချင်းချင်း တွေ့ဆုံစကားပြောဆိုပြီး ရင်းနှီးမှုရယူနိုင်မှာကြောင့် အကျိုးရှိစေမှာပါ။ လက်ရှိအချိန်မှာ တင်ဒေါ့ဟာ ခွေးတွေနဲ့သူတို့ပိုင်ရှင်တွေအတွက် တွေ့ဆုံနိုင်မယ့် အစီအစဉ်ကို လုပ်ဆောင်ပေးနေပြီး ခွေးချစ်သူအချင်းချင်း တွေ့ဆုံစကားပြောဆိုရင်းနှီးမှုရယူနိုင်မှာကြောင့် အကျိုးရှိစေမှာပါလို့ အေအေပီသတင်းဌာနမှာ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိ တင်ဒေါ့ရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာ https://www.facebook. com/tindogapp မှာ အသုံးပြုသူပေါင်း ၁၀၀၀၀ က လိုက်ခ်လုပ်ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up