Home
လူမှုရေး
လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးပွဲ ပြုလုပ်
DVB
·
June 7, 2011
FED ​ခေါ် ပညာ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​က အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ်(အိုင်အယ်လ်အို) တို့​ ပူး​ပေါင်း​ပြီး​ လူကုန်ကူး​မှုတိုက်ဖျက်​ရေး​ ပညာ​ပေး​အခမ်း​အနား​တခု မ​နေ့​က ကျင်း​ပခဲ့​ပါတယ်။ ထိုင်း​နိုင်ငံ​တောင်ပိုင်း​က ဖန်ငခရိုင် တကွာပါမြို့​နယ်မှာ ကျင်း​ပတဲ့​ ဒီအခမ်း​အနား​ကို မြန်မာအလုပ်သမား​ (၅ဝဝ) ​လောက် တက်​ရောက်ခဲ့​ကြပါတယ်။ အခမ်း​အနား​ ကျင်း​ပရတဲ့​ရည်ရွယ်ချက်နဲ့​ပတ်သက်လို့ဌာနတာဝန်ခံ ကိုမိုး​ဝေက “လူကုန်ကူး​မှုဖြစ်လာရင် ဘယ်လိုတား​ဆီး​ရမယ်၊​ ဘယ်လိုကာကွယ်ရမယ်၊​ ဘယ်​နေရာကို ဆက်သွယ်ရမယ်၊​ ဘယ်သူနဲ့​ဘယ်လိုဆက်သွယ်ပြီး​လာဖို့​၊​ မြန်မာပြည်ဘက်ကလူ​တွေလည်း​ ဒီဘက်မှာအလုပ်လာလုပ်တယ်ဆိုတာ ​သေ​သေချာချာစုံစမ်း​ပြီး​မှ ​ဆွေမျိုး​သား​ချင်း​တွေနဲ့​ဆက်သွယ်ပြီး​မှ လာဖို့​ တ​ယောက်တည်း​ လုံး​ဝ အချက်အလက် မသိဘဲနဲ့​လာရင် အခက်အခဲဖြစ်တဲ့​အ​ကြောင်း​ အဲဒါ​လေး​တွေ ​ပြောသွား​တယ်” လို့​ ဆိုပါတယ်။ အစည်း​အ​ဝေး​မှာ အိုင်အယ်လ်အိုကိုယ်စား​လှယ်က ဘယ်သူမဆို လူကုန်ကူး​ခံရတာကို သိရှိရင် ထိုင်း​နိုင်ငံ လူမှုဖွံ့​ဖြိုး​ရေး​နဲ့​ လူသား​လုံခြုံ​ရေး​ ဝန်ကြီး​ဌာနက ဖွင့်​ထား​ပေး​တဲ့​ ဖုန်း​နံပါတ် ၁၃ဝဝ ကို အခမဲ့​ ဖုန်း​ဆက်တိုင်ကြား​နိုင်ပြီး​ မြန်မာစကား​ပြန်ရှိတယ်လို့​လည်း​ ​ပြောပါတယ်။ ဖုန်း​နံပါတ် ၁၃ဝဝ ကို ဒီဗွီဘီက ​ခေါ်ဆို​မေး​မြန်း​ရာမှာလည်း​ အမှုထမ်း​တဦး​က အခုလို ​ဖြေကြား​ပါတယ်။ “တိုင်ကြား​မှု ဖြစ်နိုင်​ခြေရှိမရှိကို စုံစမ်း​ပြီး​ သွား​ရောက်အ​ရေး​ယူ ဖမ်း​ဆီး​မှုကို ဆိုင်ရာဌာန​တွေက ဆက်လက်လုပ်​ဆောင်သွား​မှာဖြစ်တယ်။ လူကုန်ကူး​သူက တမှု၊​ အ​ရောင်း​စား​ခံရသူကတမျိုး​ ဖြစ်ပါတယ်။ အ​ရေး​ယူ​ဆောင်ရွက်ပုံခြင်း​မတူပါဘူး​။ လူကုန်ကူး​တဲ့​လူကို ပြင်း​ထန်တဲ့​ လူကုန်ကူး​မှုဥပ​ဒေနဲ့​ အ​ရေး​ယူမှာဖြစ်​ပေမယ့်​ အ​ရောင်း​ခံရသူ​တွေကို​တော့​ လိမ်လည်​ခေါ်​ဆောင်လာခံရသူ​တွေအဖြစ် Save House ​ခေါ် လုံခြုံ​ရေး​ဂေဟာ​တွေကို ပို့​ဆောင်​ပေး​ပါမယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024