A d v e r t i s e m e n t With Us

လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးပွဲ ပြုလုပ်

FED ​ခေါ် ပညာ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​က အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ်(အိုင်အယ်လ်အို) တို့​ ပူး​ပေါင်း​ပြီး​ လူကုန်ကူး​မှုတိုက်ဖျက်​ရေး​ ပညာ​ပေး​အခမ်း​အနား​တခု မ​နေ့​က ကျင်း​ပခဲ့​ပါတယ်။ ထိုင်း​နိုင်ငံ​တောင်ပိုင်း​က ဖန်ငခရိုင် တကွာပါမြို့​နယ်မှာ ကျင်း​ပတဲ့​ ဒီအခမ်း​အနား​ကို မြန်မာအလုပ်သမား​ (၅ဝဝ) ​လောက် တက်​ရောက်ခဲ့​ကြပါတယ်။ အခမ်း​အနား​ ကျင်း​ပရတဲ့​ရည်ရွယ်ချက်နဲ့​ပတ်သက်လို့ဌာနတာဝန်ခံ ကိုမိုး​ဝေက “လူကုန်ကူး​မှုဖြစ်လာရင် ဘယ်လိုတား​ဆီး​ရမယ်၊​ ဘယ်လိုကာကွယ်ရမယ်၊​ ဘယ်​နေရာကို ဆက်သွယ်ရမယ်၊​ ဘယ်သူနဲ့​ဘယ်လိုဆက်သွယ်ပြီး​လာဖို့​၊​ မြန်မာပြည်ဘက်ကလူ​တွေလည်း​ ဒီဘက်မှာအလုပ်လာလုပ်တယ်ဆိုတာ ​သေ​သေချာချာစုံစမ်း​ပြီး​မှ ​ဆွေမျိုး​သား​ချင်း​တွေနဲ့​ဆက်သွယ်ပြီး​မှ လာဖို့​ တ​ယောက်တည်း​ လုံး​ဝ အချက်အလက် မသိဘဲနဲ့​လာရင် အခက်အခဲဖြစ်တဲ့​အ​ကြောင်း​ အဲဒါ​လေး​တွေ ​ပြောသွား​တယ်” လို့​ ဆိုပါတယ်။ အစည်း​အ​ဝေး​မှာ အိုင်အယ်လ်အိုကိုယ်စား​လှယ်က ဘယ်သူမဆို လူကုန်ကူး​ခံရတာကို သိရှိရင် ထိုင်း​နိုင်ငံ လူမှုဖွံ့​ဖြိုး​ရေး​နဲ့​ လူသား​လုံခြုံ​ရေး​ ဝန်ကြီး​ဌာနက ဖွင့်​ထား​ပေး​တဲ့​ ဖုန်း​နံပါတ် ၁၃ဝဝ ကို အခမဲ့​ ဖုန်း​ဆက်တိုင်ကြား​နိုင်ပြီး​ မြန်မာစကား​ပြန်ရှိတယ်လို့​လည်း​ ​ပြောပါတယ်။ ဖုန်း​နံပါတ် ၁၃ဝဝ ကို ဒီဗွီဘီက ​ခေါ်ဆို​မေး​မြန်း​ရာမှာလည်း​ အမှုထမ်း​တဦး​က အခုလို ​ဖြေကြား​ပါတယ်။ “တိုင်ကြား​မှု ဖြစ်နိုင်​ခြေရှိမရှိကို စုံစမ်း​ပြီး​ သွား​ရောက်အ​ရေး​ယူ ဖမ်း​ဆီး​မှုကို ဆိုင်ရာဌာန​တွေက ဆက်လက်လုပ်​ဆောင်သွား​မှာဖြစ်တယ်။ လူကုန်ကူး​သူက တမှု၊​ အ​ရောင်း​စား​ခံရသူကတမျိုး​ ဖြစ်ပါတယ်။ အ​ရေး​ယူ​ဆောင်ရွက်ပုံခြင်း​မတူပါဘူး​။ လူကုန်ကူး​တဲ့​လူကို ပြင်း​ထန်တဲ့​ လူကုန်ကူး​မှုဥပ​ဒေနဲ့​ အ​ရေး​ယူမှာဖြစ်​ပေမယ့်​ အ​ရောင်း​ခံရသူ​တွေကို​တော့​ လိမ်လည်​ခေါ်​ဆောင်လာခံရသူ​တွေအဖြစ် Save House ​ခေါ် လုံခြုံ​ရေး​ဂေဟာ​တွေကို ပို့​ဆောင်​ပေး​ပါမယ်။”

A d v e r t i s e m e n t With Us

More News
Up