A d v e r t i s e m e n t With Us

ဂျပန်နိုင်ငံ တိုကျိုမြို့ လူနေရပ်ကွက်အတွင်း လေယာဉ် ပျက်ကျ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီး လူနေရပ်ကွက်အတွင်းမှာ လေယာဉ်ငယ်တစီး ဒီနေ့ ပျက်ကျခဲ့ပြီး လူနေအိမ်တွေနဲ့ ကားတွေ မီးလောင်ကျွမ်းမှုဖြစ်ကာ အနည်းဆုံးလူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ လေယာဉ်ပျက်ကျမှုအပြီးမှာ သတိလစ်မေ့မြောနေတဲ့ အမျိုးသားတဦးကို လေယာဉ်ထဲက ကယ်ဆယ်နိုင်ခဲ့ပြီး နောက်အမျိုးသမီးတဦးကိုတော့ အပျက်အစီးတွေကြား မြေပြင်ပေါ်မှာ သတိလစ်မေ့မြောလျက်သားတွေ့ရှိခဲ့ကြတာပါ။ လေယာဉ်ပေါ်မှာ လူဘယ်နှဦး ပါဝင်တယ်ဆိုတာနဲ့ တခြားအသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ An aerial view shows debris of a crashed light plane and burning houses are seen after the plane went down in a residential area and burst into flames, in Chofu, outskirt of Tokyoလက်ရှိအခြေအနေမှာတော့ အနည်းဆုံးအိမ် ၃ လုံးနဲ့ကား ၂ စီးမီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up