ကမ္ဘာ့ဖလား ခြေစစ်ပွဲ မဲခွဲ (ရုပ်သံ)

1.5K
ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်တွေကို ဇူလိုင် ၂၅ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၁၈ ခြေစစ်ပွဲစဉ်တွေအတွက် မဲခွဲတဲ့ အခမ်းအနားကို ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာနဲ့ ရုရှားသမ္မတ ပူတင်တို့ တက်ရောက်ခဲ့ပါတယ်။
ခြေစစ်ပွဲတွေမှာ နာမည်ကြီး စပိန်က အီတလီအသင်းနဲ့ အုပ်စု (ဂျီ)မှာ တအုပ်စုတည်း ကျရောက်ပြီး အုပ်စု (စီ)မှာ ဂျာမဏီက ချက်၊ နော်ဝေတို့ ကျရောက် နေပါတယ်။
အုပ်စု (အေ)မှာ နယ်သာလန်က ပြင်သစ်၊ ဆွီဒင်တို့နဲ့ ကျရောက်လို့ အုပ်စုကြပ်ထဲမှာ ပါဝင်နေပါတယ်။
နာမည်ကြီး အင်္ဂလန်ကတော့ အုပ်စု (အက်ဖ်)မှာ စကော့တလန်၊ စလိုက်ဗက်ကီးယား၊ စလိုဗေးနီးယား၊ လစ်သူယေနီးယားတို့နဲ့ ကျလို့ အုပ်စုချောင်တယ်လို့ ပြောရမှာပါ။
မဲခွဲတဲ့ပွဲမှာ နိုင်ငံပေါင်း ၁၄၁ နိုင်ငံ ပါဝင်ခဲ့ပါတယ်။ ဥရောပဇုန်မှာ ခြေစစ်ပွဲအတွက် အုပ်စု ၉ ခုပွဲဝင်ပြီး အုပ်စု ပထမရတဲ့ ၉ သင်းနဲ့ အိမ်ရှင် ရုရှားတို့ အလိုအလျောက် ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။