အသင်းပြောင်းမည်ဟု သတင်းထွက်နေသည့် ဒီမာရီယာ မန်ယူခြေစမ်းပွဲ ပူပေါင်းတော့မည်

1.2K
အသင်းပြောင်းတော့မယ်လို့ သတင်းကြီးနေတဲ့ ကွင်းလယ်သမား ဒီမာရီယာဟာ မန်ယူရဲ့ ရာသီအကြို အမေရိကန် ခြေစမ်းပွဲတွေကို လာရောက် ပူးပေါင်းဖို့ ရှိနေပါတယ်။
ဒီမာရီယာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ရောက်ရှိဖို့ နီးစပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။
ပြင်သစ် ထိပ်တန်းကလပ်က ဒီမာရီယာကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတာကို ဒီတပတ်ထဲမှာ ကြေညာသွားဖို့ ရှိတယ်လို့ မီဒီယာတွေမှာ ခန့်မှန်းထားပါတယ်။
မန်ယူနည်းပြ ဗန်ဂါးကတော့ ကွင်းလယ်သမားအနေနဲ့ အသင်းနဲ့အတူ လာရောက်ပူးပေါင်းလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
သူဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါဖလားပြိုင်ပွဲ ၀င်ထားတဲ့အတွက် နားရက်ပိုရခဲ့လို့ မန်ယူရဲ့ ခရီးစဉ်ကို နောက်ကျပြီးမှ လိုက်ပါနိုင်တာ ဖြစ်ပါတယ်။