Home
စီးပွားရေး
ပဲခူး ဦးထုပ်စက်ရုံလုပ်သားများ လိုလားချက်တောင်းဆို
အေးနိုင်
·
June 7, 2011
ပဲခူး​မြို့​ ကမာနက်​ကျေး​ရွာ ဟင်္သာကုန်း​ရပ်ကွက်မှာရှိတဲ့​ ဃ​စေ ၁ ဦး​ထုပ်စက်ရုံ အလုပ်သမား​တွေဟာ သူတို့​ရဲ့​နစ်နာချက်​တွေကို စက်ရုံက ဖြည့်​ ဆည်း​ပေး​ဖို့​နဲ့​ လုပ်ခတိုး​ပေး​ဖို့​အပါအဝင် အချက် ၁ဝ ချက်ကို ​တောင်း​ဆိုရာမှာ အချက်​တော်​တော်များ​များ​ကို စက်ရုံဘက်က လိုက်​လျောခဲ့​ပါတယ်။ ဒီလဆန်း​မှာ အလုပ်သမ ၁၉ ဦး​က အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ ပဲခူး​တိုင်း​ဒေသကြီး​ဥက္ကဋ္ဌ ဦး​အောင်မျိုး​ဝင်း​ထံ သွား​ရောက်ပြီး​ လိုလား​ချက် ၁ဝ ချက်ကို တင်ပြပါတယ်။ ဒီလိုလား​ချက်​တွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) ရုံး​ခွဲနဲ့​ ပဲခူး​မြို့​ အလုပ်သမား​ရုံး​ကို ထပ်ဆင့်​တင်ပြခဲ့​ပြီး​နောက် အလုပ်သမား​တာဝန်ခံ​တွေနဲ့​ အလုပ်သမား​ရုံး​ တာဝန်ရှိသူ​တွေ ညှိနှိုင်း​လိုက်​လျောခဲ့​တာ ဖြစ်ပါတယ်။ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုစာမှာ အလုပ်သမား​အား​လုံး​အတွက် ဖယ်ရီစီစဉ်​ပေး​ဖို့​၊​ မနက်ရှစ်နာရီက​နေ ဆယ်နာရီတွင်း​ အ​ပေါ့​အပါး​သွား​ခွင့်​ပြုတာကို ပြင် ဆင်​ပေး​ဖို့​၊​ အ​ခြေခံလစာနဲ့​ အချိန်ပို​ကြေး​တိုး​ပေး​ဖို့​၊​ အလုပ်ချိန် တိတိကျကျ သတ် မှတ်​ပေး​ဖို့​၊​ နိုင်ငံတကာအလုပ်ရုံ​တွေက ထုံး​စံအတိုင်း​ လက်ဖက်ရည်​သောက်ချိန် နှစ်ချိန်သတ်မှတ်​ပေး​ဖို့​၊​ တကယ်မှား​ယွင်း​တဲ့​ကိစ္စကိုသာ မှား​ယွင်း​ကြောင်း​ ​ကြော်ငြာသင်ပုန်း​မှာ​ရေး​သား​ဖို့​၊​ အလုပ်ချိန်အတွင်း​ ​မေး​မြန်း​ပြောဆိုမှု​တွေကို ခွင့်​ပြုဖို့​၊​ ထမင်း​စား​ချိန်ကို အတိအကျအနား​ပေး​ဖို့​ စတာ​တွေ ​တောင်း​ဆိုထား​ပါတယ်။ ပဲခူး​မြို့​ အလုပ်သမား​ရုံး​ တာဝန်ရှိသူ​တွေနဲ့​ အလုပ်သမား​ခေါင်း​ဆောင် သုံး​ဦး​ ဒီလ သုံး​ရက်​နေ့​က ​ဆွေး​နွေး​ရာမှာ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုချက် ​တော်​တော်များ​များ​ကို လိုက်​လျောသ​ဘောတူခဲ့​တယ်လို့​ ဦး​အောင်မျိုး​ဝင်း​က ​ပြော ပါတယ်။ “သူက မလိုက်​လျောတဲ့​ဟာက အ​ခြေခံလစာ တိုး​ပေး​ဖို့​ရယ်၊​ အချိန်ပို​ကြေး​ တိုး​ပေး​ဖို့​ရယ်။ ​နောက်လက်ဖက်ရည်ချိန် ၁၅ မိနစ်​ပေး​ဖို့​ဆိုတာ၊​ အဲဒါကို​တော့​ လက်ရှိ မလိုက်​လျော​သေး​ဘူး​။ ကျန်တာ​တော့​ လိုက်​လျော​ပေး​ပါတယ်။ အလုပ်သ မား​ကြီး​ကြပ်သူနှစ်ဦး​ကို အလုပ်ဖြုတ်​ပေး​ဖို့​၊​ ဒါမှမဟုတ် ရာထူး​လျှော့​ပေး​ဖို့​ ကိစ္စကို ​လေဘာရုံး​မှာ သုံး​ပွင့်​ဆိုင် ​ဆွေး​နွေး​ပြီး​တော့​ သ​ဘောတူညီချက် ရခဲ့​တယ်။ ရာထူး​ ​လျှော့​ဖို့​ပေါ့​နော်။” ဒီက​နေ့​မှာ သုံး​ရက်​နေ့​က သ​ဘောတူညီချက်​တွေအတိုင်း​ စ​နေ၊​ တနင်္ဂ​နွေ မှာ လိုက်နာ​ဆောင်ရွက်ခြင်း​မရှိတာ​ကြောင့်​ အလုပ်သမား​ (၅၅) ဦး​နဲ့​ ဦး​အောင် မျိုး​ဝင်း​တို့​ဟာ အလုပ်သမား​ရုံး​ကို ဒီက​နေ့​ သွား​ရောက်ခဲ့​ကြပါတယ်။ ဒီ​နေ့​ ည​နေပိုင်း​မှာ စက်ရုံအတွင်း​ကို အလုပ်သမား​ဌာနတာဝန်ရှိသူ​တွေ ကွင်း​ဆင်း​စစ်​ဆေး​နေကြတယ်လို့​ ဦး​အောင်မျိုး​ဝင်း​က ​ပြောပါတယ်။ “ကျ​နော်က​နေ အလုပ်သမား​ကိစ္စ​တွေကို ​ဆောင်ရွက်​ပေး​တယ်ဆိုတာက တရား​ဥပ​ဒေအရ ဖြစ်​အောင်၊​ သက်ဆိုင်ရာ အလုပ်သမား​ဌာန​တွေက​နေ တကယ့်​ အလုပ်သမား​တွေ ​တောင်း​ဆိုတာ​တွေကို ဖြစ်နိုင်​ခြေရှိတာ​တွေကို လိုက်​လျော ​ဆောင်ရွက်​ပေး​ဖို့​ ကျ​နော်တို့​က ကြား​က​နေ ​ဆောင်ရွက်​ပေး​နေတာ ဖြစ်တယ်။ အမှန်ဆို​တော့​ ဒါက အလုပ်သမား​သမဂ္ဂ ဆိုတာ ရှိဖို့​လိုအပ်လာပြီ။” ကိုရီး​ယား​ပိုင် ဒီစက်ရုံမှာ မိန်း​က​လေး​အလုပ်သမား​ ၃ဝဝ ​လောက် ချုပ်လုပ် ​နေပြီး​ တရက်ကို ဦး​ထုပ်လုံး​ရေ ၂၅ဝဝ ​လောက်အပြီး​ ချုပ်ကြရတယ်လို့​ ဆိုပါတယ်။ စက်ရုံအလုပ်သမား​တွေဟာ ပျမ်း​မျှ အ​ခြေခံလစာနဲ့​အချိန်ပို​ကြေး​ စုစု​ပေါင်း​ ​လေး​ ​သောင်း​လောက် ရကြတယ်လို့​ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024