A d v e r t i s e m e n t With Us

နိုင်ငံတကာဖလား ဖိတ်ခေါ်ပြိုင်ပွဲ မန်ယူ ၃-၁ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာဖလား ဖိတ်ခေါ်ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲကို ပရိသတ်တွေ ၇ သောင်းနီးပါးလောက် လာရောက် အားပေးခဲ့ပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်လောက်မှာ ရွန်နီက သွင်းယူပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး လူစုံထုတ် ယှဉ်ပြိုင်သွားပြီး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ မန်ယူအတွက် ဒုတိယဂိုးကို လင်ဂတ်က ပိတ်ယူပါတယ်။ အခုယှဉ်ပြိုင်တဲ့ ရာသီအကြို ဖိတ်ခေါ်ပြိုင်ပွဲကို မန်ယူ၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးစတဲ့ ကလပ်တွေနဲ့ မြောက်အမေရိက ကလပ်အသင်းတွေ  အပါအ၀င် စုစုပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ရာဖင်ဟာက ၈၉  မိနစ်မှာ သွင်းယူပါတယ်။ မန်ယူအတွက် အပိတ်ဂိုးကို လူစားဝင်လာတဲ့ ရာနူဇေးက သွင်းယူပြီး ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူဟာ ၃ ပွဲကစား ၃ ပွဲနိုင် ၉  မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up