A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ် လှေစီး ဒုက္ခသည် ၁၅၉ ဦးကို ဇူလိုင် ၃၀ ပြန်ပို့မည်

မြန်မာ့ရေပိုင်နက်အတွင်းကယ်ဆယ်ခဲ့တဲ့ လှေစီးခရီးသည် ၁၅၉ ဦးကို အခုလ ၃၀ ရက်နေ့မှာ မြန်မာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လွှဲပြောင်းပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအဖြစ် အတည်ပြုပြီးဖြစ်တဲ့ အဲဒီလှေစီးခရီးသည်တွေကို လတ်တလောမှာတော့ ရခိုင်ပြည်နယ်က တောင်ပြို (လက်ဝဲ) ကယ်ဆယ်ရေးစခန်းမှာ စောင့်ရှောက်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ကယ်ဆယ်ခဲ့တဲ့ လှေစီးခရီးသည်တွေကို နိုင်ငံသားစိစစ်ပြီး ၃၄၂ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်ပြီးဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up