A d v e r t i s e m e n t With Us

ညှဉ်းပန်းနှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး သတင်းစာရှင်းပွဲပြုလုပ်

အိမ်အကူလုပ်ရင်း ညှဉ်ပန်းနှိပ်စက်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေးက သူတွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ညုင်းပန်းနှိပ်စက်ခံရသူ မသန်းသန်းအိ ဟာ သူအလုပ်လုပ်ခဲ့တဲ့ အိမ်ပိုင်ရှင် ဒေါ်အေးအေးဝင်း(လက်ရှိထွက်ပြေးတိမ်းရှောင်နေတဲ့) မိသားစုအိမ်မှာ ၅ နှစ်ကျော် အလုပ်လုပ်ကိုင်ရင်း အခုလို ညှဉ်ပန်းနှိပ်စက်ခံရတာဖြစ်ပါတယ်။ လက်ရှိမြောက်ဒဂုံရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ အိမ်ရှင်ကို အမှုဖွင့်ထားပါတယ်။ မသန်းသန်းအိ ရဲ့ မိခင်ဟာသူမီးတွင်းထဲက ဆုံးပါးသွားတာဖြစ်ပြီး ဖခင်ဖြစ်သူဟာ လက်ရှိမှာ ဘုန်းကြီးဝတ်နေပါတယ်။ ဒီအမှုတရားမျှတစွာ အရေးယူနိုင်ရေးနဲ့ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်က လက်ပါကူညီဆောင်ရွက်ပေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up