ဒေါ်စု၏ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲ စည်းရုံးရေးခရီးစဉ် (ရုပ်သံ)

6.7K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ ဧရာတီတိုင်း ကျိုက်လတ်မြို့ကိုရောက်ရှိခဲ့ပါတယ်။
ကျိုက်လတ်မြို့က တိလောကမာရဇိန် ဘာရားဝင်းအတွင်းမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ပြည်သူတွေကို သူကိုယ်တိုင်ဟောပြောပေးခဲ့ပါတယ်။
သူ့ရဲ့ အခုခရီးစဉ်ဟာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပထမဦးဆုံး စည်းရုံးရေးခရီးစဉ်ဖြစ်ပါတယ်။ ကျိုက်လက်မြို့ ခရီးစဉ် အပြီးမှာတော့ မော်ကျွန်းကို ဆက်လက် ခရီထွက်မှာဖြစ်ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှာ မော်ကျွန်းမှာဘဲ ပြည်သူတွေနဲ့ တွေ့ဆုံပြီး ဟောပြောပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။