ဒိန်းမတ်က ဝေလငါးများ သတ်ဖြတ်မှု အုတ်အော်သောင်းနင်း ကန့်ကွက် (သတင်းဓာတ်ပုံ)






4.4K
ဒိန်းမတ်ပိုင် ဖာရိုးကျွန်းမှာ နှစ်စဉ် ဝေလငါးတွေကို သတ်ဖြတ်လေ့ရှိတဲ့ ပုံတွေကို တရိစ္ဆာန်အရေး လှုပ်ရှားသူတွေက ထုတ်ပြန်လိုက်တဲ့ အချိန်မှာတော့ ကန့်ကွက်သံတွေ အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။
ပင်လယ် လမ်းပြဆိုတဲ့ ရေထဲက တောရိုင်းတရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က တက်ကြွလှုပ်ရှားသူ တွေက ဇူလိုင် ၂၄ ရက်မှာ ဖြန့်ဝေလိုက်တဲ့ ဓာတ်ပုံတွေကို ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေကြောင့် ဝေလငါး သတ်ဖြတ်တဲ့သူတွေကို လူမှုရေးကွန်ရက်တွေမှာ အကြီးအကျယ် ဝေဖန် ဆန့်ကျင်ခဲ့ပါတယ်။
ဒီပွဲတော်မှာ ၀င်ရောက်ပါဝင်ဖို့ ကြိုးစားခဲ့တဲ့ တက်ကြွလှုပ်ရှားသူ အမြောက်အမြားလည်း အဖမ်းခံထားရပါတယ်။
ဇူလိုင်နဲ့ သြဂုတ်မှာ ဝေလငါးတွေက ကျွန်းအနီးမှာ လာရောက်နေထိုင်ကြပြီး ရွာသားတွေက မှိန်းတွေနဲ့ သတ်ဖြတ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဝေလငါး ၂၅၀ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖာရိုကျွန်းမှာ ဝေလငါးတွေကို အမဲလိုက်တဲ့ ရိုးရာက ၁၇၀၀ ခုနှစ်ကတည်းက ထွန်းကားခဲ့ပါတယ်။
ဒီကျွန်းတ၀ိုက်က လူတွေ အစားအသောက်ရဲ့ ၃၀ ရာခိုင်နှုန်းဟာဝေလငါးရဲ့ အသား အပေါ်မှာ မှီခိုနေရတာ ဖြစ်ပြီး နှစ်စဉ် ဝေလငါး ၁၀၀၀ နီးပါး အသစ်ခံနေရပါတယ်။
ဒိန်းမတ်က ဝေလငါး သတ်ဖြတ်တာကို ဆန်ကျင်တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပေမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဖာရိုးကျွန်းမှာတော့ တားမြစ်ထားတာ မရှိပါဘူး။